အပေါင်းအသင်းမိတ်ဆွေများဗျား..
ကျနော် ခုလောလောဆယ် အလုပ်လုပ်နေတဲ့..ကျောင်း (KEIO University,
Japan ) က..၂၀၁၄ ခုနှစ် အတွက်.. Master of Engineering Degree အတွက်
ကျောင်းတက်ချင်တဲ့ .နိုင်ငံတကာကျောင်းသားများအတွက်.International Graduate
Program ကိုမကြာခင်မှာကျောင်းဝင်ခွင့်
လျှောက်လွှာတွေ.လက်ခံတော့ မှာ ဖြစ်ပါတယ်။ တကယ်လို့ ကျောင်းလျှောက်မယ်ဆိုရင်...
အဲ့ဒီအတွက် လိုအပ်တာတွေ..ပြင်ဆင်ဖို့..အချိန်ရအောင်..သတင်းကောင်းပါးလိုက်တာပါ။ ကျောင်းရယ်.. ဒီဂရီရယ်.. စကောလားရှစ် ရယ်နဲ့
ပါတ်သက်တဲ့ Information လေးတွေ..အမြည်းအနေနဲ့ နဲနဲရေးပေးလိုက်ပါတယ်။အသေးစိတ်သိချင်ရင်တော့..ကျောင်းဝက်ဆိုက်မှာဝင်ဖတ်လို့ရအောင်လဲ..အောက်
ကလိုတဲ့နေရာတွေ မှာလင့်ထည့်ပေးထားပါတယ် ခင်ဗျား။
၁။ ကျောင်းနံမည်ကတော့ KEIO University ပါ… ဂျပန်မှာတော့.. One
of the Top (5) university.ဖြစ်ပါတယ်။
၂။ အထက်ကပြောတဲ့..မာစတာဒီဂရီအတွက်..ဂျပန်စာတတ်စရာမလိုပါဘူး..
English based program ဖြစ်ပါတယ်.. ၂ နှစ်တက်ရပါမယ်။
၃။ ကျောင်းဝင်ခွင့် လျှောက်လွှာတွေကအွန်လိုင်းကနေတဆင့်
ဒေါင်းလုပ်ဆွဲလို့ရပါတယ်။
ဘယ်လိုလျှောက်ရမယ်ဆိုတာလဲ..ကျောင်းဝက်ဆိုက်မှာပြောပေးထားပါတယ်…အောက်မှာလင့်ပေးထားပါတယ်။
၎။ English based program ဖြစ်တဲ့ အတွက်.. TOEFL
အမှတ်ကောင်းကောင်းရှိထားရင် ပိုကောင်းပါတယ်။ကျနော်တို့
မြန်မာပြည်က..အင်ဂျင်နီယာကျောင်းတွေဟာ..ကျောင်းရဲ့..တရားဝင်
သင်ကြားတဲ့အခါမှာအသုံးပြုတဲ့..ဘာသာစကားက..english language
ဖြစ်တဲ့အတွက်..တကယ်လို့.. TOEFL အမှတ်မရှိဘူးဆိုရင်လဲ..ကျောင်းလျှောက်လို့တော့..ရနိုင်ပါတယ်။
ဒါပေမယ့်.ကိုယ်ဘွဲ့ရခဲ့တဲ့. ကျောင်းရဲ့..Department of English ကနေ English
လိုသင်ခဲ့ပါတယ် ဆိုတဲ့..ထောက်ခံချက်လိုပါတယ်။ နောက်တချက်ကတော့..ကိုယ့်ရဲ့ english
4 skills ကောင်းဖို့အတွက်ကတော့ ကိုယ့်ဘာသာ ပြင်ဆင်ထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့..ထောက်ခံစာထဲမှာမည်သို့ပင်..englishလိုသင်ပါတယ်ဆိုသော်လည်း..
၁၀၀% English စာကိုသုံးပီးမသင်ဘူးဆိုတာ..ကိုယ်ဝမ်းနာကိုယ်သာသိမို့လို့
မှာရခြင်းဖြစ်ပါတယ်။ တကယ်လို့ ကျောင်းလျှောက်ပီး မှ
ရောက်လာပီးမှ..စကားလည်လည်ဝယ်ဝယ် မပြောတတ်ရင်..ကိုယ်ပဲဒုက္ခရောက် မှာမိုလို့ပါ.ဗျား။
၅။ ခုကျနော် အလုပ်လုပ်နေတဲ့..ကျောင်းဟာ KEIO ရဲ့ Graduate
School of Science and Technology လို့ခေါ်တဲ့..မဟာဌာနကြီးတခုပါ..
နိုင်ငံတကာကျောင်းသားတွေ ကို master of science in engineering
အတွက်ကိုဒီဌာနကနေလက်ခံမှာဖြစ်တဲ့အတွက်..ဒီprogramကိုလျှောက်လို့ရနိုင်တဲ့ မြန်မာပြည်ကကျောင်းသားတွေဟာ..မြန်မာ
ပြည်ကနေ.. အင်ဂျင်နီယာသို့မဟုတ်.. ကွန်ပျူတာ..ရေကြောင်း..လေကြောင်း..စတဲ့ တက္ကသိုလ်
တခုခုကနေ. ဘွဲတခုခုရထားရပါမယ်။ နောက်တချက်က.. သူငယ်တန်းကနေ.ဘွဲ့ရသည်အထိစုစုပေါင်း
စာသင်နှစ်..၁၅ နှစ်အနည်းဆုံးရှိရပါမယ်။ တကယ်လို့ဘွဲ့ရသည်အထိ ၁၅ နှစ်မရှိရင်လည်း(ခုကျောင်းလျှောက်ချိန်ထိ)တခြားတက်ခဲ့တဲ့ကိုယ်ဘွဲ့နဲ့
ပါတ်သက်တဲ့..ဆက်တက်ခဲ့တဲ့ သင်တန်းချိန်တွေပါထည့်ပေါင်းလို့တော့ရနိုင်ပါတယ်။ ဥပမာ..
NCC, HND Diploma လိုဟာမျိုးပေါ့။
၆။ ဒီကကျောင်းဟာဂျပန်ရဲ့ နာမည်ကြီးကျောင်းတကျောင်းဖြစ်တဲ့
အတွက်…တခြားနိုင်ငံကဘွဲ့ရကျောင်းသားတွေကို..ဒီအတိုင်းတော့လက်မခံပါဘူး..ဒါကြောင့်
တခြားနိုင်ငံကကျောင်းသားတွေဟာ..ဘွဲ့လက်မှတ်သာမက.. အမေရိကန်နိုင်ငံက..ETS
အဖွဲ့အစည်းကနေဦးဆောင်ကျင်းပတဲ့.. Graduate Record Examination (GRE) လို့ခေါ်တဲ့..စာမေးပွဲရမှတ်
ကိုတင်ပြပေးဖို့လိုပါတယ်။..သူတို့ အဓိက ကြည့်တာကတော့..GRE အမှတ်ပါ။ အဲ့ဒီအတွက်..အမေရိကန်သံရုံးမှာ..တနှစ်တကြိမ်ကျင်းပတဲ့..GRE
စာမေးပွဲကိုဖြေဖို့လိုပါတယ်။ GRE မှာ ၂ မျိုးရှိပါတယ်။ GRE general and GRE
specialized ပါ။ KEIO ကျောင်းအတွက်..GRE general test ကိုပဲဖြေဖို့ လိုပါတယ်။
အသေးစိတ်ကိုတော့ အောက်ကလင့်မှာ ကြည့်လိုက်ပါနော်။
နောက် GRE အမှတ်တွေသိရပီဆိုရင်..အဲ့ဒီအမှတ်တွေရယ်၊ ကိုယ်တက်ခဲတဲ့
ကျောင်းကထုတ်ပေးတဲံ grading, Degree Certificates (TRUE copy), recommendationletters
စတာတွေ..နဲ့ ကျောင်းလျှောက်လို့ရပါပီ။
၇။ လျှောက်မယ်ဆိုရင်တော့..ဒီက Professor တယောက်ယောက်နဲ့
ချိတ်ရပါမယ်။ ကိုယ်စိတ်ဝင်စားတဲ့..နယ်ပယ်နဲ့ပါတ်သက်တဲ့ professor
တွေကိုကျောင်းရဲ့..အောက်ကလင့်ကနေ..တဆင့် ရှာလို့ရပါတယ်။
ပရောက်ဖက်ဆာတွေရဲ့ email address and
contact details ကိုအပေါ်ကလင့်မှာရှာလို့ရပါတယ်။ပီးရင်..ကိုယ်နဲ့
သက်ဆိုင်တဲ့..ကိုယ်စိတ်ဝင်စားတဲ့ ပရော်ဖက်ဆာတွေ
ဆီကိုစာရေးဆက်သွယ်ပီး..ကြိုတင်ချိတ်ထားဖို့လိုပါတယ်။
***တချက်သတိထားရမှာက..ပရော်ဖက်ဆာတွေဟာ..အလွန်အလုပ်ရှုပ်ပီး..သူတို့ဆီကို..ကျောင်းသားတွေဆီကနေ..အဲ့လိုဆက်သွယ်ဖို့ကြိုးစားနေတဲ့..စာတွေ
ဟာနေ့စဉ်အစောင်ပေါင်းများစွာလက်ခံနေရတာ ဖြစ်တဲ့ အတွက်..စာရေးရာမှာတိုတိုနဲ့
လိုရင်းရေးပီး..ကိုယ့်အကြောင်းကိုထိထိရောက်ရောက်ရေးပြဖို့လိုပါတယ်။
နောက်တချက်..ကိုယ်ရဲ့ Resumeကို email နဲ့ attach လုပ်ပီးပေးရင် PDF format နဲ့ ပဲ
attach လုပ်ပေးပါ။ MS OFFICE Word တို့ ဘာတို့ဟာ virus ပါနိုင်တဲ့
အတွက်..များသောအားဖြင့် Profressorတွေဟာ..ကိုယ်မသိတဲ့ လူဆီက..အဲ့လို file
မျိုးတွေကိုဖွင့်ကြည့်လေ့ မရှိပါဘူး။ တခါတည်း..deleteလုပ်ပစ်လေ့ရှိပါတယ် ဗျား။
တကယ် လို့..ICT, Networking and Telecommunication
ပိုင်းနဲ့ ပါတ်သက် လို့ကျောင်းတက်ချင်တဲ့ လူတွေ ရှိရင်တော့ ကျနော့်ဆီကို..ဆက်သွယ်နိုင်ပါတယ်။ အဲ့ဒီဘာသာတွေအတွက် ခုဒီနှစ်ပိုင်းလျှောက်မယ့်
ကျောင်းသားတွေ အနေနဲ့ ကတော့ ကံကောင်းနိုင်ပါတယ်။ဘာလို့လဲဆိုတော့..ခုကျနော်
အလုပ်လုပ်နေတဲ့ Lab က.ပရော်ဖက်ဆာရဲ့အောက်ကနေပဲ..ကျနော်..ဟာ..မာစတာနဲ့..
ဒေါက်တာဘွဲ့ကို KEIO Unviersityကနေရခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်
ကျနော့်.ပရောက်ဖက်ဆာဟာ..မြန်မာကျောင်းသားတွေထဲကနေ..ကျနော် ထောက်ခံပေးရင် မာစတာတက်မည့်ကျောင်းသားကိုတော့.လိုလိုလားလား.လက်ခံပေးဖို့ရှိပါတယ်။
( ဒီနေရာမှာတခုသတိထားရမှာက..ပရော်ဖက်ဆာလက်ခံတယ်ဆိုတာဟာ
..ကျောင်းလျှောက်ဖို့အတွက်..လိုအပ်ချက်တခု
ပြည်စုံတာသာဖြစ်ပီး..ကျောင်းဝင်ခွင့်ရမရဆိုတာကတော့. တခြားသောအချက်အလက်များ
ဖြစ်တဲ့.. grading..GREScore..Research proposal and so on…
ဆိုတဲ့..တခြားတခြားသောအချက်များပေါ်မှာလည်းအများကြီးမူတည်ပါကြောင်းပါဗျာ။..ဒါပေမယ့်..သေချာတာတခုကတော့..ပရောက်ဖက်ဆာတယောက်ယောက်
နဲ့ကြိုတင်ချိတ်ထားခြင်းမရှိတဲ့ ကျောင်းသားကတော့..ကျောင်းဝင်ခွင့် ရဖို့
လုံးဝမလွယ်ပါဘူး။ဘာလို့လဲဆိုတော့ ကျောင်းဝင်ခွင့်လျှောက်လွှာမှာဘယ်ပရောက်ဖက်ဆာနဲ့
ချိတ်ထားသလဲဆိုတာ.ကျောင်းလျှောက်တဲ့အခါ..တခါတည်း ဖြည့်ပေးရပါတယ်။
ကိုယ်ဆီက..စာရွက်စာတမ်းတွေ..ပြည်စုံပီ။ပရော်ဖက်ဆာတယောက်ယောက်နဲ့လဲ..ချိတ်မိပီဆိုရင်..ကျောင်းလျှောက်လွာ
တွေကိုကျောင်းဝက်ဆိုက်ကနေတဆင့်..ဆွဲချပီးလျှောက်ရုံပါပဲ။ စကော်လားရှစ်ကိုပါ..တခါတည်းလျှောက်ပေးပါတယ်။
အသေးစိတ်ကိုအောက်ကလင့်မှာ ကြည့်လိုက်ပါနော်။
၈။ ကျောင်းလျှောက်တဲ့အခါ..တခါတည်း
စကော်လားရှစ်တွေပါ..ထည့်လျှောက်လို့ရပါတယ်…(စကော်လားရှစ်တော်တော်များများအတွက်
အသက် ကန့်သက်ချက်က..တော့ under 35 ပါ)စကော်လားရှစ်တွေအနေနဲ့ကတော့ အဓိက က..
၂ခုရှိပါတယ်။ကျောင်းကထောက်ခံပီးလျှောက်ပေးတဲ့ စကော်လားရှစ်နဲ့.. မြန်မာပြည်က..ဂျပန်သံရုံး
က လျှေက်ပေးတဲ့ စကော်လားရှစ်ဆိုပီးရှိပါတယ်။ မြန်မာပြည်ရဲ့ ဂျပန်သံရုံးကလျှောက်ပေးတယ်ဆိုတာကတော့
သိပ်စဉ်းစားမနေပါနဲ့..အဲ့ဒါက..မြန်မာအစိုးရဝန်ထမ်းတွေ..အတွက်..ပဲလုပ်ပေးတာများပါတယ်။
အဓိကစဉ်းစားရမှာက..ဒီကျောင်းက..ထောက်ခံပီးကျောင်းအနေဲ့ လျှောက်ပေးတဲ့ စကော်လားရှစ်ပါ။
နှစ်စဉ် နှစ်တိုင်းဂျပန်က..တက္ကသိုလ် တွေဟာ..ဂျပန်အစိုးရနဲ့..တခြားInternational
organization (such as World Bank..ADB )တွေ.. Local organizations (such as JICA,
Yoshida Scholarship Foundation) တွေ ကနေ.ပေးတဲ့..စကော်လားရှစ် Program
တွေကိုလက်ခံရရှိပါတယ်။ဥပမာ.. ADB အနေနဲ့..KEIO university အတွက် နှစ်စဉ်..master
degree student ၂ ယောက်ခွဲတမ်းသတ်မှတ်ပေးထားပါတယ်။ .ဆိုတော့.လွယ်လွယ်ပြောရရင်
.KEIO university ကနေ.. သူစကော်လားရှစ်ပေးမဲ့ ကျောင်းသားအတွက်..ကို ADB ကိုနာမည် စာရင်းပေးလိုက်ရုံပါပဲ။
အဲ့ဒါဆို..အဲ့ဒီကျောင်းသားစကော်လားရှစ်ရပါပီ..အဓိက..က..ကျောင်းဝင်ခွင့်ရဖို့ရယ်.
ကျောင်းကနေ..schoarshipတခုခုကိုလျှောက်ပေးတာကိုရဖို့ရယ်ပဲလိုတာပါ။တခါတလေ
ကြရင်တော့..ကျောင်းက..စကော်လားရှစ်တခုအတွက်..နာမည်စာရင်းကို.. ၁ယောက်ထဲ မဟုတ်ပဲ..
၂ ယောက် ၃ ယောက် တင်ပေးတယ်ဆိုရင်တော့..အဲ့ဒီထဲကမှ. ကျောင်းသားတယောက်ကို ADB က
ပြန်ရွေးပါတယ်။..ဒီနေရာမှာ..အရေးကြီးတာတခုပြောလိုပါတယ်။ ဒီ KEIO university
ကနေ..နှစ်စဉ် စကော်လားရှစ်ပေးရာမှာ.. မြန်မာပြည်ကကျောင်းသားတွေ
ရတာအတော်နည်းပါတယ်.။ အဓိက ..က ဘာလို့လဲဆိုတော့ ကျောင်းလျှောက်တဲ့ လူမရှိလို့ပါ။ များသေားအားဖြင့်
ကျောင်းလျှောက်လို့.. GRE , grading စတာတွေ
ကောင်းလို့..ကျောင်းဝင်ခွင့်ရတာနဲ့..KEIO ကနေ..Developingcountries
က..ကျောင်သားတွေ အတွက် ကျောင်းကခွဲတမ်းရထားတဲ့.စကော်လားရှစ်တွေကိုထောက်ခံပီးလျှောက်ပေးလေ့ရှိပါတယ်။
ဒါပေမယ့်ခက်တာက..မြန်မာကျောင်းသားတွေက (မသိလို့လား..ဘာလားတော့ မသိ)
ကျောင်းလျှောက်တာအလွန်နည်းတော့..အဲ့ ဒီစကော်လားရှစ်တွေဟာ.. တခြားနိုင်ငံက ( မလေး.
အင်ဒို..ဖိလစ်ပိုင်. ထိုင်း . ဘင်းဂလားဒေရှ်..နီပေါ..ဗိယက်နမ်) ရကုန်တာများပါတယ်။ကျနော်
သိသလောက်..ပြောရရင်..KEIO
ကနေ..စကော်လားရှစ်ရတဲ့..မြန်မာကျောင်းသားဆိုတာ..လက်ချိုးရေလို့ရပါတယ်.လက်ဆယ်ချောင်း
မပြည့်ပါဘူး…ကျနော်သိသလောက် ပြောရရင်..ကျနော် အပါ အဝင်မြန်မာကျောင်းသား အားလုံးဟာ KEIO
University ကနေလျှောက်ပေးတဲ့ စကော်လားရှစ်နဲ့ ကျောင်းပီးခဲ့ကြတာပါ…ကိုယ်စရိတ်နဲ့ကိုယ်ကျောင်းတက်မယ်ဆိုရင်..ကျောင်းလခ
အတော်ဈေးကြီးတာရယ်..ကျောင်းဝင်ခွင့်ခက်တာရယ်ကြောင့် ဂျပန်လူမျိုးတွေတောင်..KEIO
University မှာ တော်ရုံနဲ့မတက်နိုင်ကြပါဘူး။
.ဒါကြောင့် တကယ်လို့သာ KEIO University ရဲ့
ထောက်ခံချက်နဲ့..စကော်လားရှစ် လျှောက် တဲ့ကျောင်းသားဟာ
မြန်မာပြည်ကကျောင်းသားဆိုရင်..ADB အနေနဲ့ ဦးစားပေးအဆင့် မှာထားပီးပေးပါတယ်။ရှင်းရှင်းပြောရရင်..တခြားနိုင်ငံတွေက..ကျောင်းသား
တွေကအရင်နှစ်တွေကအများအပြားစကော်လားရှစ်တွေ..ရထားပီးသားဆိုတော့.. စကော်လားရှစ်အရေအတွက်
နည်းနေသေးတဲ့ မြန်မာကျောင်းသားများအတွက်ဦးစားပေးစဉ်းစားပါတယ် ...ဒါဟာအခွင့်
အရေးတခုပါ။ဒီနေရာမှာ ADB ကိုဥပမာပေးပြောထားပေမယ့်..တခြားစကော်လားရှစ်တွေလဲ
..ထိုနည်းလည်းကောင်းပါပဲဗျား..
အသေးစိတ်ကိုတော့ အောင်ကလင့်မှာဝင်ရောက်လေ့လာနိုင်ပါတယ်ဗျား။
အထက်က. ကျနော် ရှင်းပြတဲ့ အချက်တွေအနက် တချို့အချက်တွေဟာ.. Officiallyကြေညာထားတာတော့
မဟုတ်ပါဘူး..အတွင်းသတင်းအနေနဲ့..လေ့လာသိရှိသလောက် တင်ပြချက်တွေလဲပါပါတယ်။ တချို့ဟာတွေက..
KEIO website မှာတော့ရှာလို့ တွေ့မှာမဟုတ်ကြောင်း ကြိုတင်အသိပေးထားလိုက်ပါတယ်။
(ဥပမာ.. မြန်မာကျောင်းသားများဦးစားပေးအခွင့်အရေးရတယ်ဆိုတာမျိုးပေါ့..စာနဲ့တော့
တရားဝင်ရေးကြေညာထားတာမရှိပါဘူးဗျား)။
၉။ နောက်ဆုံးအချက်ကတော့ ကျောင်းလျှောက်မယ်ဆိုရင်..လျှောက်ခ..ယန်း
၁ သောင်းတော့ ပေးရပါတယ်။ဒါကတော့ မည်သူမဆိုပေးရတာပါ..ခြွင်းချက် မရှိပါဘူး။ မြန်မာ
ပြည်ကလူတွေအနေနဲ့..ဂျပန်..သို့မဟုတ်..တခြားနိုင်ငံတခုခု မှ..ကိုယ့်ရဲ့
အသိ..မိတ်ဆွေ သူငယ်ချင်းများရှိရင်..သူတို့ကိုအကူအညီတောင်းပီး..Bank transfer နဲ့
ပေးချေလို့ရပါတယ်။ တကယ်လို့..အဲ့လိုပေးရတာ..အခက်အခဲ..ရှိတယ်..လုံးဝအဆင်မပြေပါဘူးဆိုရင်တော့..ကျနော့်ဆီကိုအောက်ပါ
လိပ်စာအတိုင်းစာ( သို့) email ပို့ပီးဆက်သွယ်ပါဗျား။ ကျနော် ကူညီနိုင်တဲ့
အတိုင်းအတာအထိကူညီပါ့မယ်။
Postal Address: ( To send your certified true copies if
necessary )
Dr. Sann Maw (Visiting
Associate Professor )
SASASE Laboratory, Department of Information and Computer
Science,
Graduate School of Science and Technology,KEIO University,
3-14-1 Hiyoshi, Kohoku-ku, Yokohama, Kanagawa-ken, Japan.
Postal Code: 223-8522
ဒီလင့် ( http://www.sasase.ics.keio.ac.jp/en/members
) ကတော့ ကျနော့်ခုအလုပ်လုပ်နေတဲ့ Lab ရဲ့ website link ပါ။
အပြီးသတ်အရေးအကြီးဆုံးအချက် တွေကိုပြန် ပြောရမယ်ဆိုရင်..
၂။ ပရော်ဖက်ဆာတယောက်ယောက် က
supervisor လုပ်ပီးလက်ခံဖို့သဘောတူးထားပီးသားဖြစ်ရပါ့မယ်။
၃။ YTU, MTU, GTC, University of Computer Scienceစတာတွေကနေ..လိုအပ်တဲ့..ထောက်ခံစာ..အထောက်အထားတွေ
တောင်းလို့ အဆင်ပြေရပါမယ်။ ဆိုလိုချင်တာက..အရင်ပေါ်လစီတုန်းက..Gradingတို့
ဘာတို့ဆို.စံပြကျောင်းသားဝန်ထမ်းတွေကိုထုတ်မပေးဘူးကြားထားလို့ပါ။ အခုြေ့ပာင်းသွားပီဆိုရင်တော့..မသိပါ။
အဲ့ဒါသေချာအောင်လုပ်ပါ။(မှတ်ချက်။ ။ Physics,Chemistry,Biologyအထူးပြု
မေဂျာများနဲ. ဘွဲ့ သို.မဟုတ် ဘွဲ့လွန်
ရထားသူများစိတ်ပါဝင်စားရင်လည်းတက်ရောက်နိုင်ပါတယ်။ ထိုသူများလည်း Keio University
ဝက်ဆိုက်မှာအသေးစိတ်သွားရောက်ဖတ်နိုင်ပါတယ်ဗျား။)
အထက်က..ကျနော်ပြောခဲ့တဲ့..Programကို
မြန်မာပြည်က..အပြင်လူတွေသာမက..အစိုးရဝန်ထမ်းတွေလဲလျှောက်လို့ရပါတယ်။
အစိုးရဝန်ထမ်းများတခြားသိသင့်တဲ့
အချက်တခုကတော့.သွားမယ်ဆိုရင်..အစိုးရဝန်ထမ်းအနေနဲ့ သွားမှာလား။ အပြင်လူအနေနဲ့
သွားမှာလားသေချာအောင် လုပ်ပါ။ ဝန်ထမ်းအနေနဲ့..သွားတာကို..ခွင့်ပြမပြု့ပေါ့။ခွင့်မပြုလို့..အပြင်လူအနေနဲ့
သွားမယ်ဆိုရင်..Passportအနီ..ရှိထားရပါမယ်။ နောက် လေဆိပ်မှာ..Black List ဝင်နေလို့
မရပါဘူး။ဒါက..ဘာကြောင့် လိုတာလဲဆိုရင်..အရင်..တချို..ကျနော့် သပနကဝန်ထမ်းလုပ်နေတဲ့..
တပည့်တွေ...ဂျပန်ကိုစိတ်ဝင်စားလို့..ကျောင်းလျှောက်ပါတယ်..ရပါတယ်..ကျောင်းကောစကောလားရှစ်ကောပေါ့..ဒါပေမယ့်..အဲ့တုန်းက..
ဦးသောင်းကဝန်ကြီးပါ။ ဝန်ထမ်းတွေ ကိုယ့်
အစီအစဉ်နဲ့..ကိုယ် ကျောင်းလျှေက်ပီး..သွားမယ်ဆိုတာကို..ခွင့်မပြုပါဘူး။ ဒါနဲ့..သူတို့..အပြင်ကနေ..Passportအနီကို..ကိုယ်အစီအစဉ်နဲ့..ကိုယ်လုပ်ပါတယ်။အပြင်
ကနေပိုက်ဆံပေးလုပ်လိုက်တယ်ပြောတယ်။ ရပါတယ်။ ရပီးမှ..တခါ..သွားမယ်
လုပ်ပီးမှ..လေဆိပ်မှာ..ဝန်ထမ်းတွေ..ဖြစ်နေတဲ့ အတွက်..Black List နဲ့
မိနေလို့..ထွက်မရလို့..ကျောင်းမတက်လိုက်ရပါဘူး။ ဒါ့ကြောင့်..အဲ့လိုအဖြစ်မျိုးတွေနဲ့
ကြုံရင်..လုပ်ထား..ရင်းထားသမျှ..အလကားဖြစ်ကုန်မှာစိုးလို့..ထွက်လို့..ရမရ..သေချာအောင်
စုံစမ်းစေချင်ပါတယ် ခင်ဗျား။
နောက်..တခြားလိုအပ်တာရှိရင်လဲပြောပါဗျာ။
ဘာပဲပြောပြော..ကျနော့်တို့ မြန်မာနိုင်ငံ
က..လူတွေ..နိုင်ငံတကာ..မှာ..ကျောင်းတက်ပီးအသိအမြင် တိုးလေ..ကာယကံရှင်
အတွက်..ကော..နိုင်ငံအတွက် ကောအများကြီးအကျိုးကျေးဇူးရှိပါတယ်။ ကျနော်..တတ်နိုင်
သမျှကူညီပါ့မယ်။
အစစအရာအရာအဆင်ပြေကြပါစေဗျား။
တခြားသိချင်တာအချက်တွေရှိရင် ကွန်.မန်.ပေးခဲ့ပါဗျား။
အဆင်ပြေတဲ.အချိန် ပြန်လည်ဖြေကြားပေးပါမယ်။
ဆန်းမော်
No comments:
Post a Comment