Chernobyl Nuclear Accident Part 6
စမ်းသပ်မှု့လုပ်စဉ်အတွင်းမှာ အဲ့ဒီက လူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုခံယူချက်ရှိလဲဆိုရင် လွန်ကဲ သော ကိုယ့်ကိုယ် ကို ယုံကြည်မှု့ဆိုတဲ့ (over-confidence) ရှိနေပါတယ်။ ဘာလို့လဲဆိုရင် အဲ့ဒီအချိန်တုန်းက ဓါတ်ပေါင်းဖို ဟာ နောက်ဆုံးပေါ်ဖြစ်တဲ့အပြင် တခြားသော RBMK type ညူစက်ရုံတွေ ရဲ့ စံပြ မော်ဒယ်ဖြစ်ပါတယ်။ ဒီလို စက်ရုံမှာ တာဝန်ထမ်းဆောင်ရတဲ့လူတွေဟာလဲ.. သက်ဆိုင်ရာနယ်ပယ်မှာ စံပြအဖြစ်ရွေးချယ် ခံခဲ့ရတဲ့ လူတွေဖြစ်တဲ့ အခါကျတော့ သူတို့ စိတ်ထဲမှာ သူတို့ကို သူတို့ (Elite Crew) သိပ်တော်တဲ့လူတွေ လို့ ခံစားနေရတဲ့ သဘောထားရှိနေခဲ့တယ်လို့ ယူဆရတယ်ပေါ့။
ဒီလို စိတ်အခံရှိနေတဲ့ အတွက် ဂရုတစိုက် လုပ်ဆောင် လိုက်နာရမယ့် လုံခြုံစိတ်ချ ရန်အတွက်လိုက်နာရမယ့် အချက် အလက်တွေကို လိုက်နာရန် ပျက်ကွက် ခဲ့တာကို နောက်ပိုင်းမှာ တွေ့ရှိရတယ်။ ဒါကို ပိုဆိုးသွားစေ တာကတော့ စမ်းသပ်မှု့ကို ခေါင်းစဉ်တပ်တာ၊ အဆင့် သတ်မှတ်တာ လွဲမှားသွား တာဖြစ်ပါတယ်။ ဘယ်လို လွဲမှားသွားလဲဆိုတော့၊ ဒီ စမ်းသပ်ချက်ကို လုပ်ဆောင်တဲ့နေရာ မှာ စက်ရုံပိုင်းက ဘယ်လိုယူဆလဲ ဆိုတော့ ဒါဟာအအေးပေးစနစ် အတွက် အရေးပေါ်လျှပ်စစ်ဓါတ်အား လုံလောက်မှု့ ကိစ္စကို စမ်းသပ်တာ ဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်ထုတ်ပေးမယ့် တာဘိုင်ထုတ်လုပ်သူတွေရဲ့ လမ်းညွှန် မှု့အောက်မှာလုပ်ရမယ့်ဟာ ဖြစ်တယ်၊ ညူကလီးယား ကိစ္စမပါဝင်သော စမ်းသပ်ချက် လို့ အဆင့် အတန်းသတ်မှတ် ပါတယ်။ ဆိုလိုချင်တာက ညူကလီယား လောင်စာအမျိုးအစားအသစ် တို့ ဓါတ်ပြု့မှု့တို့ကို စမ်းသပ်ရင် တော့ ညူကလီးယား ကိစ္စပါဝင်တဲ့ စမ်းသပ်ချက်လို့ သတ်မှတ်ပီး ဦးစားပေးအဆင့်မှာ ထားမှာဖြစ်ပါတယ်။ ခုစမ်းသပ်ချက်ကိုတော့ ရိုးရိုး လျှပ်စစ်ဓါတ်အား အတွက် စမ်းသပ် မှု့ လို့ အဆင့်သတ်မှတ်လိုက် တာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဒီစမ်းသပ်ချက် လုပ်တဲ့ လူတွေနဲ့ ညူကလီးယား စက်ရုံအတွက် လည်ပါတ်ရေး နှင့် လုံခြုံစိတ်ချရေး (safety and operation department) တာဝန်ယူထားတဲ့ ဌာန ကြားမှာ လိုက်နာရမယ့် လုပ်ဆောင်ချက် အဆင့်ဆင့်အတွက် အပြန်အလှန် သတင်း ဖလှယ် မှု့တွေ ပူးပေါင်း ဆောင်ရွက်မှု့တွေ မရှိတော့ပါဘူး။
ဒီလို စိတ်အခံရှိနေတဲ့ အတွက် ဂရုတစိုက် လုပ်ဆောင် လိုက်နာရမယ့် လုံခြုံစိတ်ချ ရန်အတွက်လိုက်နာရမယ့် အချက် အလက်တွေကို လိုက်နာရန် ပျက်ကွက် ခဲ့တာကို နောက်ပိုင်းမှာ တွေ့ရှိရတယ်။ ဒါကို ပိုဆိုးသွားစေ တာကတော့ စမ်းသပ်မှု့ကို ခေါင်းစဉ်တပ်တာ၊ အဆင့် သတ်မှတ်တာ လွဲမှားသွား တာဖြစ်ပါတယ်။ ဘယ်လို လွဲမှားသွားလဲဆိုတော့၊ ဒီ စမ်းသပ်ချက်ကို လုပ်ဆောင်တဲ့နေရာ မှာ စက်ရုံပိုင်းက ဘယ်လိုယူဆလဲ ဆိုတော့ ဒါဟာအအေးပေးစနစ် အတွက် အရေးပေါ်လျှပ်စစ်ဓါတ်အား လုံလောက်မှု့ ကိစ္စကို စမ်းသပ်တာ ဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်ထုတ်ပေးမယ့် တာဘိုင်ထုတ်လုပ်သူတွေရဲ့ လမ်းညွှန် မှု့အောက်မှာလုပ်ရမယ့်ဟာ ဖြစ်တယ်၊ ညူကလီးယား ကိစ္စမပါဝင်သော စမ်းသပ်ချက် လို့ အဆင့် အတန်းသတ်မှတ် ပါတယ်။ ဆိုလိုချင်တာက ညူကလီယား လောင်စာအမျိုးအစားအသစ် တို့ ဓါတ်ပြု့မှု့တို့ကို စမ်းသပ်ရင် တော့ ညူကလီးယား ကိစ္စပါဝင်တဲ့ စမ်းသပ်ချက်လို့ သတ်မှတ်ပီး ဦးစားပေးအဆင့်မှာ ထားမှာဖြစ်ပါတယ်။ ခုစမ်းသပ်ချက်ကိုတော့ ရိုးရိုး လျှပ်စစ်ဓါတ်အား အတွက် စမ်းသပ် မှု့ လို့ အဆင့်သတ်မှတ်လိုက် တာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဒီစမ်းသပ်ချက် လုပ်တဲ့ လူတွေနဲ့ ညူကလီးယား စက်ရုံအတွက် လည်ပါတ်ရေး နှင့် လုံခြုံစိတ်ချရေး (safety and operation department) တာဝန်ယူထားတဲ့ ဌာန ကြားမှာ လိုက်နာရမယ့် လုပ်ဆောင်ချက် အဆင့်ဆင့်အတွက် အပြန်အလှန် သတင်း ဖလှယ် မှု့တွေ ပူးပေါင်း ဆောင်ရွက်မှု့တွေ မရှိတော့ပါဘူး။
.
စမ်းသက်ချက်လုပ်ခဲ့ တဲ့ မှတ်တမ်းက တော့ အောက်ပါအတိုင်းဖြစ်တယ်။
April 25 ( day 1 )
1:00 AM ပေါင်းဖို ရဲ့ ပါဝါ ထုတ်လွှတ်မှု့ကို ဖြည်းဖြည်းချင်း စလျော့တယ်။ ဒီလိုလျော့ လိုက်တဲ့အတွက် ရေနွေးငွေ့ ထုတ်လွှတ်မှု့ လျော့ကျလာပီး တာဘိုင် လည်ပါတ်နုန်းလဲ လိုက်ပါနှေးလာတယ်။ ဘာလို့လျော့တာလဲ ဆိုရင် အရင်ရှင်းပြခဲ့သလို ပဲ တာဘိုင် လည်ပါတ်မှု့ နှေးလာလို့ တာကနေ ထုတ်တဲ့ လျှပ်စစ်ဓါတ်ဟာ ဒီဇယ် မီးစက်တွေ အသက် မဝင်လာခင်ထိ လုံလောက်မှု့ ရှိ မရှိ သိချင်လို့ဖြစ်တယ်။
1:05 PM စမ်းသပ်ချက် စတင်ပီး ၁၂ နာရီခန့် အကြာမှာတော့ ပါဝါ လျော့တာ ၅၀ % အဆင့်ထိရောက်လာတယ်။ ခုချိန်မှာ တာဘိုင် တလုံးပဲ လည်ရန်လိုတဲ့အတွက် တာဘိုင် နံပါတ် ၂ ကို ပိတ်လိုက်ပါတယ်။
2:00 PM ပုံမှန်လုပ်ဆောင်ရမယ့် အတိုင်းဆိုရင်တော့ ပေါင်းဖို ရဲ့ ပါဝါ ကို ၃၀% ရောက်သည်အထိဆက်လက် လျော့ရမှာပါ။ ဒါပေမယ့် ဒီလိုဆက်လက်လျော့ဖို့ကို လျှပ်စစ်ဖြန်ဖြူးရေးဌာနက ခွင့်မပြု့ပါဘူး။ အဲ့ဒီအချိန်မှာ ပင်မဓါတ်အားပေးကွန်ယက်မှာ စွမ်းအင်လိုအပ်တဲ့ဟာက ရှိနေတဲ့အတွက် ပါဝါကို ဆက်လျော့ခွင့်မပေးပါဘူး။ ဒါ့ကြောင့် ပေါင်းဖိုဟာ ၅၀% ပါဝါနဲ့ နောက်ထပ် ၉နာရီကျော်ကြာ ဆက်လက်မောင်းနှင်နေခဲ့ရတယ်။ နောက်ပိုင်း ၉ နာရီကျော်ကြာပီး သန်းခေါင်ယံအချိန်ရောက်လာပီ မို့ အထက်က လျှပ်စစ်ဓါတ်ကို လျော့လို့ရပီလို့ ခွင့်ပြု့ချက်စပေးပါတယ်။
April 26 ( day 2 )
12:28 AM ဒီအချိန်မှာ အော်ပရေ တာ ၁ ယောက်က ပါဝါ လျော့ပီး ၃၀% ထိန်းထားရမှာကို ကွန်ထရိုး ခလုတ်တခုကို မှားနှိပ်လိုက်ပါတယ်။ ဒါ့ကြောင့် ပါဝါဟာ ရုတ်တရက် ၃% ထိရောက်အောင် ထိုးကျသွားပါတယ်။ ဒီ running condition မှာ positive void coefficient က အဓိက လွှမ်းမိုးလာပါပီ။ ဒါ့ကြောင့် အပူတက်လာပီးရေနွေးငွေ့ထုတ်တာတက်လာပါတယ်။
1:00 – 1:20 AM ဒီအတိုင်းဆက်ထားရင် အပူလွန်ကဲတာတွေဖြစ်မှာဆိုးတဲ့အတွက် အော်ပရေ တာတွေက ပါဝါထုတ်လွှတ်မှု့ကို ပြန်တက် လာအောင် ကြိုးစားကြပါတယ်။ ပထမ ဗို့အားထိန်း စက်တွေကို ပိတ်လိုက်တယ်။ နောက် Control Rods တွေ ကို ၆ချောင်းပဲ ချန်ထားပီး ..ကျန်တာတွေအကုန်ဆွဲထုတ်ပစ်လိုက်ပါတယ်။ ဒါဟာ ပေါင်းဖို လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်ကို ချိုးဖေါက်လိုက်တာဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် အနဲဆုံး အချောင်း ၃၀ ချန်ထားရမှာပါ။ အမှန်က အဲ့ဒီအချိန်မှာ Control Rods တွေထည့်ချ လိုက်ပီးပေါင်းဖိုကိုရပ်လိုက်ရင် အိုကေပါတယ်။ ပြဿနာတက်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ပါဝါပြန်တက်လာအောင် Control Rods တွေကို ဆွဲထုတ်လိုက်တဲ့အတွက် ဓါတ်ပြု့မှု့တက်လာပီး အပူချိန်တက်လာပါတယ်။ ဒါ့ကြောင့် ရေကနေ ရေနွေးငွေ့ဖြစ်နုန်းတက်လာပီး ပေါင်းဖိုမှာရေနည်းလာပါတယ်။ ဒါကြောင့် သူတို့က ပေါင်းဖိုထဲကို ရေများများလွှတ်ဖို့ ကြိုးစားပါတယ်။ ရေစီး ဆင်းမှု့ဟာ မှန်မှန်မဟုတ်ပဲ ရုတ်တရက်များအောင် မြန်မြန်ရေပမာဏတက်လာအောင် ကြိုးစားတဲ့သဘောပေါ့။ ဒီလိုလုပ်လိုက်တဲ့အတွက် ရေရုတ်တရက်များလာတာကြောင့် အပူချိန်ဟာလဲတခါပြန်ကျသွားပါတယ်။ အပူချိန်အနည်းငယ်အပြောင်းအ လဲဖြစ်တာဟာ ပါဝါ ထုတ်တဲ့နေရာမှာ ကြတော့ အကျိုးသက်ရောက်မှု့ ကြီးမားပါတယ်။ အကျိုးဆက်အနေနဲ့ ပေါင်းဖိုရဲ့ မတည်မငြိမ် ဖြစ်မှု့ဟာ ပိုများလာတယ်။ ပုံမှန်ဆိုရင် ဒီလိုမတည်မငြိမ်ဖြစ်လာရင် အရေးပေါ် ရပ်တန့်မယ့် စနစ်ကပေါင်းဖိုကို သူအလိုလို ရပ်သွားအောင်လုပ်မှာဖြစ်တယ်။ ဒါပေမယ့် ဒီလိုရပ်လိုက်ရင် စမ်းသပ်ချက် ဆက်လက်လုပ်ဆောင်လို့ရမှာ မဟုတ်တဲ့အတွက် အော်ပရေတာတွေက အဲ့ဒီစနစ် ကို အသက်ဝင်မလာ နိုင် အောင် ပိတ်ထားလိုက်ပါတယ်။
1:22 AM ဒီအချိန်မှာတော့၊ အော်ပရေတာတွေက ပေါင်းဖို အနေနဲ့ ဖြစ်နိုင်သမျှအတည်ငြိမ်ဆုံးအခြေအနေကို ရောက်ပီ လို့ယူဆတဲ့အတွက် စမ်းသပ်မှု့ကို စတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
1:23 AM ( The test begins ) ကျန်နေသေးတဲ့ တာဘိုင်ကို ပိတ်လိုက်ပါပီ။
1:23:40 AM ခုအချိန်မှာ စက္ကန့်ပါ ပါလာပါပီ။ ဒီချိန်မှာ အော်ပရေတာတွေကိ ပါဝါပြန်တက်လာရန်အတွက် ပေါင်းဖိုထဲမှာ လှည့်ပါတ်နေတဲ့ ရေပမာဏကို လျော့လိုက်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ထုတ်မယ့် တာဘိုင်ကို ပိတ်ထား ဒါကြောင့် ပေါင်းဖိုထဲကို ရေစီး ဝင်နုန်းနည်းသွားပီး ရှိနေတဲ့ရေ အနည်းငယ်ဟာ အလွန်အကျွန်ဆူပွက်လာပါတယ်။ positive void coefficient effect ပါ။ အကျိုးဆက်အနေနဲ့ ပါဝါဟာ ရုတ်တရက် ထိုး တက်သွားပါတော့တယ်။ ဒါဟာ ပုံမှန် ထုတ်နေတဲ့ ပါဝါထက် အဆ ၁၀၀ ခန့်ပိုများပါတယ်။
1:23:44 AM ဒါကြောင့် ၄ စက္ကန့်အကြာမှာ တက်လာတဲ့ အပူချိန် ဖိအားစတာတွေကြောင့် လောင်စာချောင်းတွေ အရည် ပျော်ကုန်ပါတယ်။ ဒီအရည်ပျော်ကုန်တဲ့ လောင်စာချောင်နဲ့ ရေနဲ့ ပေါင်းပီး ရေနွေးငွေ့ အလွန်အကျွန်ထွက်က ပေါက်ကွဲမှု့ဖြစ်သွားပါတော့တယ်။ ဒါကြောင့် ပေါင်းဖိုရဲ့ အဓိက အူတိုင်ပျက်စီးသွားပါတယ်။ နောက် ၂ စက္ကန့် ၃ စက္ကန့် ခန့်အကြာမှာ ဒုတိယအကြိမ်ပေါက်ကွဲမှု့ တခုထပ်ဖြစ် ပါတယ်။ ဒီပေါက်ကွဲမှု့ ၂ ခုကြောင့် unit-4 ရဲ့ ပေါင်းဖိုအူတိုင်နဲ့ အထက်က အမိုးအကာ ဟာ ပျက်စီးသွားပါတော့တယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ပေါင်းဖိုကို အလွန်ထူတဲ့ စတီး ကွန်ကရစ်စတာတွေနဲ့ အုပ်ကာထားတဲ့ containment shell မရှိတာက အဓိက ကျတဲ့ အားနည်းချက်ဖြစ်ပါတယ်။ တကယ်လို့သာ containment shell သာရှိခဲ့ရင် မီးလောင်တာတွေ၊ လောင်စာ အပျက်အစီးတွေဟာ လေထဲကို ထွက်သွားစရာအကြောင်းမရှိပါဘူး။ ဒီအကာအောက်မှာသာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ ( စကားချပ်။ ။ ခုဂျပန်မှာ ဖြစ်တဲ့ကိစ္စဟာဆိုရင် ဒီစတီး အကာ အောက်မှာဖြစ်နေတာပါ၊ ချာနိုဘိုင်းဖြစ်သလို လေထဲကို ရေဒီယို သတ္တိကြွ ပစ္စည်းတွေပျံ့နှံ ထွက်ကုန်တာမဟုတ်ပါဘူး၊ ခုထွက်နေတဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းပမာဏ ဟာ လည်းတကယ်တော့ ပေါင်းဖိုကို အအေးခံတဲ့ရေတွေ အငွေ့ပျံ့တာကနေ ပါလာ တာပါ။ ချာနိုဘိုင်းလို ဒလဟော အတားအဆီးမရှိ ထွက်လာတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ချာနိုဘိုင်းနဲ့ ဖူကူရှီးမား အဆင့် ၇ ဆိုပီး လယ်ဗယ် အတူတူသတ်မှတ်ပေမယ့် ပျက်စီးထိခိုက်မှု့ပမာဏ အနေနဲ့ကတော့ အတော်ကွာခြားတာကို တွေ့ရပါလိမ့်မယ်။ ကယ်ဆယ်ရေးလုပ်တာ သတင်းထုတ်ပြန်တာမှာလဲ အဲ့လို ကွာခြားချက်တွေရှိကြောင်း နောက်ပိုင်းမှာ တွေ့လာပါလိမ့်မယ်။ ) ဘာ့ကြောင့် ဖြစ်တယ်ဆိုတာ အသေအချာ မသိပေမယ့် ချာနိုဘိုင်းက ပေါက်ကွဲမှု့ ဒုတိယအကြိမ်ဟာ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့တွေ များလာတာကနေ ဖြစ်မယ်လို့ကောက် ချက်ဆွဲပါတယ်။ ဒုတယကြိမ်ပေါက်ကွဲမှု့ ဟာ ပိုမိုပြင်းထန်ပီး သူ့ကြောင့် graphite မီးလောင်မှု့စတင်ပါတယ်။ နောက် မီးလောင်နေတဲ့ graphite တွေရယ်၊ လောင်စာ ချောင်းက အပျက်အစီးတွေဟာ လေထဲကို ပျံ့ထွက်ကုန် ပါတယ်။ ဒီမီးလောင်နေတဲ့ graphite တွေလေထဲကို ပျံ့ထွက်ပီး ပြန်ကျတာကနေ ညူကလီးယားစက်ရုံရဲ နေရာ ၃၀ ခန့်မှာ မီးလောင်မှု့တွေစတင် ပါတော့တယ်။ ဒီမီးလောင်မှု့ဟာ ပထမ အရေးပေါ်ကိစ္စဖြစ်ပါတယ်။ မီးငြိမ်းသတ်မှု့နဲ့ မီးသတ်သမားတွေကို ရေဒီရေးရှင်း အန္တရာယ်အကြောင်း အသိမပေးပဲ အကာအကွယ်မရှိ ခိုင်းစေတဲ့အကြောင်း၊ ဒါကြောင့်နောက်ပိုင်း မီးသတ်သမားတွေ သေကြေတဲ့ ကိစ္စ တွေကို တော့ နောက်တပိုင်းကျမှ ဆက်လက် ဖတ်ကြတာပေါ့ဗျား။
ကဲတော်သေးပါပီ။
ကိုဆန်းမော်
အဆင့်မြင့်နည်းပညာတစ်ရပ်ကို
ReplyDeleteသာမန်လူ နားလည်အောင် ရေးနိုင်ပါပေတယ်
အားပေးလျှက်
ဆရာကိုဆန်းမော်ရေ
ReplyDeleteဒီလောက်ရေးပေးမယ်လို့မထင်ထားဘူး။
အရမ်းကျေးဇူးတင်ပါတယ်။
သိမ်းထားရမယ့်စာမျိုးပဲ။
ဟုတ်ကဲ့ဗျာ ကိုအမည်မသိကော၊ မကောင်းမွန်ဝင်းကော၊ ကျော်နှင်းဆီလွင်ကော၊ တခြားစာလာဖတ်သူတွေကော ကျေးဇူးတင်ပါတယ်။ ခုနောက်ပိုင်း အလုပ်နဲနဲပြန်ရှုပ်လာလို့ နေ့တိုင်းတော့ မတင်ဖြစ်လောက်တော့ဘူး။ ၁ပါတ် ၂ခု.၃ခုလောက်ပဲတင်ဖြစ် တော့မယ်ထင်တယ်။
ReplyDeleteကိုဆန်းမော်
အမလေး ဆရာကိုဆန်းမော်ရယ်
ReplyDeleteတပတ် ၂ခု၃ခု က သိပ်မတင်ဖြစ်လောက်ဘူးကိုပြောတာလား
production အရမ်းကောင်းတယ်။
စောင့်ဖတ်မယ်နော်။
This comment has been removed by the author.
ReplyDeleteကိုဆန်းမော်ရေ
ReplyDeleteအချိန်ရှိမှအေးဆေးရေးပါ
ဖတ်ရတာအတော်အရှိန်တက်လာသလို
ဇာတ်ရည်လည်းလည်လာပြီ
ဖတ်ရင်းသိပ်မခက်တော့ဘူး :))
ခက်ခက်တွေရေးပေးတာပဲကျေးဇူးတင်လှပြီ
မကောင်းမွန်ဝင်းရေ၊ အမပြောသလိုပဲဗျ။ တပါတ် ၂ ခု ၃ခု လောက် တင်နိုင်မယ်ထင်တာ။ မတင်လိုက်နိုင်ဘူးဗျ။ အလုပ်များနေတာနဲ့ခုမှပဲ တခါပြန်တင်ဖြစ်တော့တယ်။ ဆောရီးပါဗျို့။ ပထမ ထင်ထားသလောက် မရေးဖြစ်တာ။ ကဲ အားလုံးစာလာဖတ်ကြတာ ကျေးဇူးတင်ပါတယ်နော့်
ReplyDeleteကိုဆန်းမော်