ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၄)
ဒီ ချာနိုဘိုင်း ညူကလီးယားစက်ရုံမှာ RBMK-1000 Type ဓါတ်ပေါင်းဖို အမျိုးအစား unit-1, unit-2, unit-3, unit-4 ဆိုပီး ၄ လုံး ရှိပါတယ်။ အဲ့ဒီထဲက မှ unit-1 နဲ့ unit-2 ကို ၁၉၇၀ နဲ့ ၁၉၇၇ မှာ တည်ဆောက် ခဲ့ပီး။ ယူနစ် ၃ နဲ့ ၄ ကိုတော့ ၁၉၈၃ မှာ တည်ဆောက်ပြီးခဲ့တယ်။ ဒါ့အပြင် ယူနစ် ၅ နဲ့ ၆ ဟာလည်း ပေါက်ကွဲမှု့ဖြစ် တုန်းက တည်ဆောက်နေဆဲ အခြေအနေမှာဖြစ်တယ်လို့သိရတယ်။ အဲ့ဒီထဲကမှ ယူနစ် ၄ မှာ အေပရယ် ၂၆ ရက် ၁၉၈၆ မှာ ပေါက်ကွဲမှု့ဖြစ်ခဲ့တယ်။
၁။ ဒီပေါင်းဖို တွေဟာ တည်ဆောက်ခဲ့စဉ်တုန်းက Core ကို ငုံပီး အလွန်ထူသော သံမဏိနဲ့ကာရံထားတဲ့ Containment Shells လို့ခေါ်တဲ့ အကာ မပါခြင်း။ ခု နောက်ပိုင်း ပေါင်းဖိုတွေမှတော့ အဲ့ဒီအကာ ကို မဖြစ်မနေ ထည့်သွင်း တည်ဆောက်ရပါတယ်။ ဂျပန်က ပေါင်းဖို တွေမှာဆိုရင် လဲ အဲ့ဒီ Containment Shell ပါ ပါတယ်။ ချာနိုဘိုင်းကိစ္စမှာ ဒီ အကာ မရှိခဲ့တဲ့အတွက် ရေဒီရေးရှင်း သတ္တိကြွ ပစ္စည်း တွေ ပျံနှံ မှု့က လဲ ပိုမို ဆိုးဝါး သွားခဲ့တာဖြစ်တယ်။
၂။ RBMK reactor တွေကို တည်ဆောက်တာ ဟာ ရည်ရွက် ချက် ၂ ချက်ပါတယ်။ ပထမ တစ်ချက်က လျှပ်စစ် စွမ်းအင် ထုတ်ရန်ဖြစ်တယ်။ ဒုတိယ တစ်ချက်ကတော့ စစ်ရေးအတွက် ပလူတိုနီယမ်-၂၃၉ ခေါ်တဲ့ အနုမြူဗုံး ထုတ်ဖို့အတွက် သတ္တု့ကို လိုချင်လို့ဖြစ်တယ်။ ဒီလို ပလူတိုနီယမ်-၂၃၉ ကို ရဖို့ရန်အတွက်က သုံးပီးသား လောင်စာချောင်းတွေကို အချိန်တိုတိုအတွင်း ပေါင်းဖို ထဲကနေ ဆွဲထုတ်ယူနိုင်ဖို့ လိုတယ်။ သူကအပြင်မှာ အချိန်ကြာသွားရင် ပလူတိုနီယမ်-၂၃၉ စစ်စစ် မရနိုင်တော့ပဲ ပလူတိုနီယမ်-၂၄၀ ရောပါလာမှာ ဖြစ်တယ်။ (စကားချပ်။ ။ ဒီကိစ္စကတော့နားလည်သူများဝင်ရောက် ဆွေးနွေးမယ် ဆိုရင်တော့ ပိုပီးတိတိကျကျ သဘောပေါက်မယ်လို့ ထင်ပါတယ်။ ကိုယ့်အနေနဲ့ကတော့ အပေါ်ယံအကြမ်းဖြင်း နားလည်သလောက် ရေးသားထား ခြင်းသာဖြစ်ပါတယ်။ ပလူတိုနီယမ်-၂၃၉ ဟာ အပြင်မှာကြာသွား ရင်ပလူတိုနီယမ်-၂၃၉ မှာ ပလူတိုနီယမ်-၂၄၀ ရောပါလာမယ်ဆိုတာ အောက်စီဂျင်ဒါမှမဟုတ် တခြားပြင်ပက ဓါတ်ငွေ့တမျိုးမျိုးနဲ့ဓါတ် ပြု့သွားလို့ လို့ယူဆရပါတယ်။ ) ဒါ့ကြောင့် သူတို့ရဲ့ ဒီဇိုင်း က ပေါင်းဖိုရဲ့ အပေါ်ဖက်က နေ လောင်စာချောင်းကို ကရိန်း နဲ့ အမြန်ဆုံး ဆွဲထုတ်ဖို့ ပုံစံနဲ့ တည်ဆောက်ထားတယ် လို့သိရတယ်။ နောက်တချက်ကလဲ အဲ့လို RBMK ပုံစံမျိုးက ဓါတ်ပေါင်းဖိုလည်ပါတ်မှု့ကို မရပ်ပဲနဲ့ လောင်စာချောင်းကို လဲလှယ်နိုင် တယ်လို့သိရတယ်။ ဒီလိုပုံစံဖြစ်တဲ့အတွက် ပေါင်းဖိုဟာ ရှည်မြောမြောပုံစံဖြစ်ပီး ဒီလိုမြင့်မားတဲ့ ပေါင်းဖိုကို ငုံမိ တဲ့ Containment Shell ကို တည်ဆောက်ဖို့ က အလွန်ငွေကြေး ကုန်ကျမှု့များမှာ မို့လို့ Containment Shell ကိုမထည့်ခဲ့တာလို့ထင်ပါတယ်။
၃။ ဒီအချက်ကတော့ အရင် ပို့စ်တွေမှာ ရှင်းပြခဲ့သလို Positive Void Coefficient နဲ့ Carbon Moderator သုံးထားတဲ့ အချက်တွေဖြစ်တယ်။ ဒါနောက်ပိုင်း အသေးစိတ်ထပ်ပြောတော့ ရှင်းသွားမယ်လို့ ထင်ပါတယ်။
၎။ ခုပြောခဲ့တဲ့အထက်က အချက် ၃ ချက်က ပေါင်းဖိုရဲ့ အဓိက ကျတဲ့ ‘အားနည်းချက်တွေဖြစ်တယ်။ နောက်ဆုံးပေါက်ကွဲမှု့ ကို ဖြစ်ပေါ်စေတဲ့ အချက်ကတော့ Human Error လို့ခေါ်တဲ့ လူကြောင့်ဖြစ်တာ တွေ့ရတယ်။ သူတို့ဟာ ဒီပေါင်းဖို ကို အသုံးပြု့ပီး Experiment လုပ်ခဲ့ကြတယ်။ ဒီလို စမ်းသပ်ချက်လုပ်နေစဉ် အတောအတွင်းမှာ ပုံမှန် လုပ်ရမယ့်၊ ထိန်းသိမ်း ရမယ့် လိုက်နာရမယ့် အဆင့်ဆင့် လုပ်ဆောင်ချက် တွေကို လိုက်နာဖို့ပျက်ကွက်ခဲ့တာကို တွေ့ရတယ်။ အရေးအကြီးဆုံးပျက်ကွက်မှု့ကတော့ စမ်းသပ်မှု့လုပ်စဉ်အတွင်း Emergency Shutting Down လုပ်ပေးမယ့် Safety System ကို အလုပ် မလုပ်နိုင်အောင် (disable) ပိတ်ထားပဲဖြစ်တယ်။ ဒီလို လုပ်မထားခဲ့ဘူးဆိုရင် စမ်းသပ်မှု့လုပ်စဉ်အတွင်းပြဿနာ တစ်ခုခု တက်လာတာနဲ့ တပြိုင်နက်တည်း Emergency Shutting Down System က အသက်ဝင်လာပီး ပေါင်းဖိုဟာ အလိုအလျောက် သူ့ဘာသာပိတ်သွားမှာဖြစ်တယ်။ ဒါပေမယ့် သူတို့ဒီလို Disable လုပ်ထားခဲ့တဲ့အတွက် နောက်ဆုံးမှာ ပေါင်းဖိုဟာ အပူချိန်နဲ့ ဖိအားကို မထိမ်းနိုင် မသိမ်းနိုင်ဖြစ်ပီး နောက်ဆုံး ချာနိုဘိုင်းပေါက်ကွဲမှု့လို့ခေါ်တဲ့ ပေါက်ကွဲမှု့ကြီးဖြစ်ပေါ်စေတဲ့ အထိဦးတည် သွားတော့တာ ဖြစ်ပါတယ်။ ဘယ်လိုစမ်းသပ်မှု့လုပ်ခဲ့လို့ ဘာတွေဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်း အသေးစိတ်ကို တော့ နောက်တပိုစ်မှာ ဆက်လက်တင်ပြပါ့မယ်။
အကုန်လုံးကိုတော့ နားမလည်ပေမဲ့
ReplyDeleteစိတ်ဝင်စားစရာပါပဲ
အားပေးလျှက်
အများကြီးရေးပေးတာ
ReplyDeleteကျေးဇူးတင်အားပေးနေတယ်နော်
ကျွန်မက အစဉ်လိုက်ဖတ်ပြီး ကွန်မန့်ကိုပြောင်းပြန်ဝင်ရေးနေတယ်။
ReplyDeleteစိတ်ဝင်စားတာကို အရင်သိချင်တာနဲ့။
အဲလိုဖြစ်ကုန်တယ်။