ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၃)
မနေ့က ဓါတ်ပေါင်းဖိုကနေ လျှပ်စစ်ဘယ်လိုထုတ်သလဲဆိုတာထိပြောပီးသွားပီ။ တခုပြောဖို့ကျန်သွားတာက ပေါင်းဖိုရဲ့ graphite blocks တွေကြားမှာ နိုက်ထရိုဂျင် နဲ့ ဟီလီယမ် ဓါတ်ငွေ့ အရောကို ထည့်ပီး လှည့်ခိုင်းထားတယ်။ ဘာ့ကြောင့်လှည့်ခိုင်းထားတာလဲ ဆိုရင်တော့ graphite တွေကို အောက်စီဂျင်နဲ့ဓါတ် ပြုပီး oxidation ဖြစ်ပေါ်မှု့ကနေ ကာကွယ်ဖို့နဲ့ လောင်စာချောင်းတွေက ထွက်လာတဲ့ အပူစီးကူး မှု့ကို ပိုမို ကောင်းမွန် အောင် ပြု့လုပ်ပေးဖို့ဖြစ်တယ်။
နောက် ပေါင်းဖိုထဲမှာ အအေးပေးစနစ်အတွက် အလုပ်လုပ်နေတဲ့ Pumps က ၄ လုံး ရှိပီး၊ အဲ့ဒီ ထဲကမှ တလုံးဟာ အမြဲတမ်း standby (အဆင်သင့်) အနေအထားနဲ့ အရေးပေါ်အခြေအနေမှာ အလုပ်လုပ်ရန်ရှိနေတယ်။ နောက် ပေါင်းဖိုရဲ့ စွမ်းအင် ထုတ်လွှတ်မှု့အနည်းအများ ပမာဏ ကို ထိန်းချုပ်ရန်အတွက်ကတော့ Control Rods ပေါင်း ၂၁၁ ချောင်း အတွက် အထုတ်အသွင်းပြုလုပ်နိုင်တဲ့ နေရာတွေထားပေးထားပီး အဲ့ဒီ နေရာတွေကနေ Control Rods တွေကို ထိုးထည့်ခြင်း ဆွဲထုတ်ခြင်း ပြုလုပ်ပီး ပေါင်းဖိုရဲ့ အပူစွမ်းအင်နဲ့ လျှပ်စစ် စွမ်းအင် အနည်းအများကို ထိန်းချုပ် နိုင် တယ်။ ဒီလို ထိန်းချုပ်ဖို့အတွက် အနည်း ဆုံး Control Rods ပေါင်း အချောင်း ၃၀ ရှိနေရမယ်လို့သတ်မှတ်ထားတယ်။ ပြောချင်တာက Control Rods ပေါင်း ၂၁၁ ချောင်းစာ နေရာလုပ်ထားပေမယ့်။ ၂၁၁ ချောင်းလုံး သုံး စရာ မလိုဘူး။ ဒါပေမယ့် အချောင်း ၃၀ တော့ အနည်းဆုံး လိုတယ်၊ ရှိနေရမယ် လို့ Safety Procedure အရ သတ်မှတ်ထားတဲ့ သဘောပေါ့။ ဒီ Procedure ကို ချိုးဖေါက် ပီး စက်ရုံကို လည်ပါတ်ခဲ့တယ် ဆိုတာ နောက်ပိုင်းမှာ တွေ့လာလိမ့်မယ်။ ဒါကလဲ ဒီ ပေါက်ကွဲမှု့ဖြစ်စေတဲ့ အချက် တချက်ထဲမှာ ပါတယ်။

RBMK Reactor တွေရဲ့ ထင်ရှားတဲ့ ဝိသေသ လက္ခဏာ ကတော့ Positive Void Coefficient လိုခေါ်တဲ့ အချက် ရှိနေတာပဲ။ အဲ့ဒါက ဘာလဲဆိုရင် ပေါင်းဖိုရဲ့ Power ကို တိုးလိုက်ရင် (သို့) ပေါင်းဖိုထဲမှာ ရေလှည့်ပါတ်စီးဆင်းနုန်းကျသွားရင် ပေါင်းဖိုထဲမှာ ရေနွေးနွေး ငွေ့ ထုတ်လွှတ်နုန်း တက်မယ်။ ဒီအခါမှာ ရေ ပမာဏလဲကျသွားလိမ့်မယ်။ အကျိုးဆက်အနေနဲ့ လွှတ်ထွက်လာတဲ့ Neutron တွေကို စုပ်ယူထားမယ့် ရေပမာဏနည်းသွားတဲ့ အတွက် Neutron လွတ်ထွက်မှု့ဟာလဲ တက်လားပီးတော့ ရေဒီရေးရှင်း ဓါတ်ပြုပြိုကွဲမှု့တက်လာတယ်။ ဒါကြောင့် စွမ်းအင်ပိုမိုထွက်ပေါ်လာမယ်။ ဒါဆို အပူချိန်ပိုတက်လာမယ့်။ အပူချိန်ပိုတက်လာရင် ရေကနေ ရေနွေးငွေ့ဖြစ်နုန်းတက်လာမယ်။ ဒါ့ကြောင့်ရေ ပမာဏဟာ ပိုမိုကျဆင်းသွားမယ်။ ဒါ့ကြောင့် Neutron လွတ်ထွက်နုန်းပိုမိုတက်လာပီး အပူချိန်က ထပ်တက်လာမယ်။ နောက်ဆုံး လောင်စာချောင်း တွေဟာလဲ ပူသထက် ပိုမို ပူလာပီး။ ဒီ သံသရာ လည်မှု့ ကို မထိန်းနိုင်ရင် Core Meltdown လို့ခေါ်တဲ့ ပေါင်းဖိုအရည်ပျော်ခြင်း အဆင့်ထိ ရောက်ရှိသွားနိုင်တယ်။
ဒါပေမယ့် ခုန ပြေတဲ့အကျိုးဆက်နဲ့ပြောင်းပြန် တခြားတဖက်မှာ ကျတော့၊ Power ကိုတိုးလိုက်ရင်၊ ပေါင်းဖိုရဲ့ အပူချိန်တက်လာတယ်။ ဒါကြောင့် လောင်စာချောင်း ရဲ့ အပူချိန်လဲတက်လာလိမ့်မယ်။ လောင်စာချောင်းရဲ့အပူချိန် တက်လာရင် လောင်စာချောင်းကနေထွက်တဲ့ Neutron ပမာဏ ဟာကျသွားတယ်ဆိုတဲ့ Negative Fuel Coefficient ကလဲရှိနေသေးတယ်။ ဒီအကျိုးဆက်က ကျတော့ စွမ်းအင်ပိုမို ထွက်ရှိမှု့ကို ဟန့်တားထားတယ်။
ဒီလိုဆန့်ကျင်ဘက် သက်ရောက်မှု့ ၂ မျိုးရှိနေတော့၊ ဘယ်သက်ရောက်မှု့က အဓိက လွှမ်းမိုးသလဲပေါ်မူတည်ပီး ပေါင်းဖိုက လည်ပါတ်မှာဖြစ်တယ်။ ပုံမှန် high power နဲ့လည်ပါတ် နေတဲ့ အချိန်မှာဆိုရင် (ဒါကို Normal Operation လို့ခေါ်တယ်။ ) Negative Fuel Coefficient အကျိုးဆက်က လွှမ်းမိုးတယ်။ ဒါကြောင့် လောင်စာချောင်း အရည်ပျော်ကျတဲ့ အဆင့်ကို ရောက်မသွားနိုင်ဘူး။ Reactor ဟာ တည်တည်ငြိမ်ငြိမ် လှည့်ပါတ်နေနိုင်တယ်။ ဒါပေမယ့် Lower Power Output Running လို့ခေါ်တဲ့ ပေါင်းဖိုဟာ သူအများဆုံး ထုတ်နိုင်တဲ့ Power ရဲ့ ၂၀ ရာခိုင်နုန်း အောက်မှာ လည်ပါတ်နေရင်၊ Positive Void Coefficient အကျိုးဆက်က လွှမ်းမိုးလာပီ။ အဲ့ဒါဆိုရင် Reactor ဟာ Unstable ဖြစ်လာတယ်။ တနည်း ပြောရရင် တည်တည်ငြိမ်ငြိမ် မဟုတ်တော့ပဲ Power ရုတ်တရက်ထိုးတက်တာတွေ၊ ကျသွားတာတွေ ဖြစ်ပေါ်လာတတ်တယ်။ အခုရှင်းပြခဲ့တဲ့ အချက်ကို တော့ သေသေချာချာသဘောပေါက်မှ ဖြစ်မယ်။ နားမလည်တဲ့ လူများရှိရင် ကွန်းမန့်ထားခဲ့ပါ ဗျာ။ ဘာလို့လဲဆိုရင် ဒီအချက်ဟာချာနိုဘိုင်း ပေါင်းဖို ပေါက်ကွဲမှု့ရဲ့ အဓိက အကျဆုံး အချက်ဖြစ်တာကို နောက်ပိုင်းမှာ တွေ့လာရမှာမို့လို့ပါ။ ကဲဒီ နေ့ကတော့ နဲနဲ နားလည်ရခက်မယ်ထင်လို့ နဲနဲပဲ ရေးလိုက်တယ်ဗျို့။ နောက် တခေါက်ကျမှ အပိုင်း (၄) ဆက်ကျသေးတာပေါ့။
ကိုဆန်းမော်
ဆက်ရေးပါဦး မျော့နေပါ့မယ်
ReplyDeleteနားလည်တယ်လို့ ယူဆရပါတယ်
ReplyDeletePositive Void Coefficient နဲ့ Negative Fuel Coefficient အကြောင်းအခုမှသေချာသိရတယ်။ အပေါ်ယံသဘောလောက်တော့ သိခဲ့ပေမယ့် တကယ်က အဲဒီအချက်တွေကြောင့် ဖူကူရှီမားမှာ ပြဿနာတွေဖြေရှင်းပုံတွေ မှာ အနည်းနဲ့အများပါဝင်နေတာ စဉ်စားမိတော့တယ်။
ReplyDeleteHi
ReplyDelete