ရေဒီရေးရှင်း အတိုင်းအတာများကို - ဖတ်ရှုပီး နားလည်သဘောပေါက်ခြင်း
ဒီနေ့ရေးမယ့်ဟာကတော့ လူတော်တော်များများနဲ့ စကားပြောကြည့်တော့ အဓိတ်ပါယ်ဖေါ်ရခက်တဲ့ ရေးဒီရေးရှင်း နဲ့ ပါတ်သက်တဲ့အသုံးအနုံး အတိုင်းအတာတွေအကြောင်းကိုနဲနဲပြောချင်တယ်။
ရေဒီရေးရှင်းနဲ့ ပါတ်သက်ရင် အရင်တခါရေးဘူးထားတယ်။ သူရဲ့ ယူနစ်က Sv လို့ခေါ်တဲ့ ဆားဗတ် ဖြစ်တယ်။
၁ဆားဗတ်ကို မှ တခါ အစိတ်ကလေးတွေ တစ်ထောင် ထပ်ပိုင်းထားတာကို ၁ မီလီဆားဗတ်လို့ခေါ်မယ်။ တခါ ၁ မီလီဆားဗတ်ကိုမှ အစိတ် တစ်ထောင်ဖြစ်အောင် ထပ်စိတ်ထားရင် အဲ့ဒီအစိတ်ကလေးတစိတ်ကို ၁ မိုက်ကရို ဆားဗတ်လို့သတ်မှတ်တယ်။ ဒါကို ညီမျှခြင်းနဲ့ပြမယ်ဆိုရင် အောက်ပါအတိုင်းရမယ်
၁SV= ၁၀၀၀ မီလီဆားဗတ် = ၁သန်း မိုက်ကရိုဆားဗတ်
များသောအားဖြင့် ဒီအတိုင်းအတာတွေကို သူအတိုင်းသတ်သတ် သုံးသလို -per hour, -per year နဲ့လဲသုံးတယ်။ ဒါမျိုးတွေ့ရင်ဘယ်လိုနားလည်ရမလဲဆိုတော့ သူက per hour နဲ့ပေးထားတာကို per year နဲ့လိုချင်ရင် per hour ယူနစ်ကို ၂၄ နဲ့မြှောက် တခါ အဲ့ဒါကို ၃၆၅ နဲ့မြှောက်။ ဒါဆို တနှစ်တွက် ရမယ်။ ဒါဆို တနှစ်တွက် စုစုပေါင်း ကိုယ်ခန္ဓာထဲကိုဝင်သွားမယ့် ရေဒီရေးရှင်းပမာဏ စုစုပေါင်းကို ရလိမ့်မယ်။
ကဲဒီလိုဆိုရင် ကိုယ်နေတဲ့နေရာမှာ ရေဒီရေးရှင်းလယ်ဗယ် ဘယ်လောက်ရှိသလဲဆိုတာ ကို per hour နဲ့ပေးထားတယ်ဆိုပါဆို့။ ကိုယ့်အတွက် အန္တရာယ်ရှိမရှိ ကိုတွက်ကြည့်ကြရအောင်။ ကိုယ်နေတဲ့နေရာမှာ ရေဒီရေးရှင်းလယ်ဗယ် ဘယ်လောက်ပမာဏရှိတယ်ဆိုတာကို အောက်က လင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါ တယ်။
အဲ့ဒီက ဇယားမှာ ကြည့်လိုက်ရင် လူတယောက်တွက် လက်ခံနိုင်တဲ့ ရေဒီရေးရှင်းပမာဏကို အများဆုံး ၅သောင်းလို့သတ်မှတ်ထားတာ တွေ့ရတယ်။ အဲ့ဒီလူအတွက် ပမာဏကို ပုံမှာဆိုရင် Maximum acceptable level per year for people handling radioactive material ဆိုတဲ့အကွက်မှာတွေ့နိုင်တယ်။ တကယ်လို့ ရေဒီရေးရှင်းပမာဏဟာ ကိုယ်ထဲကို ၁သိန်းဝင်သွားတယ်ဆိုရင်တော့ သူအတွက် ကင်ဆာဖြစ်နိုင်ချေ ၀.၅ ရာခိုင်နုန်း တိုးသွားတယ်လို့သိရတယ်။ တခါ ရေဒီရေးရှင်း တွေ့တဲ့ပမာဏကို စက်ဝိုင်းတွေထဲမှာ ပြထားတာက microsieverts/hour နဲ့ပြထားတယ်။ အဲ့ဒီတော့ ဒီပုံကို ဒီအတိုင်းကြည့်ရင်တော့ ကိုယ့်နေတဲ့နေရာမှာ အန္တရာယ်ရှိမရှီ တန်းသိဖို့မလွယ်ဘူး။ အဲ့ဒီလိုသိအောင် ကိုယ့်တို့အနေနဲ့ နိုင်းယှဉ်ချက်တူအောင် ပြောင်းပေးရမယ်။ ဥပမာပေးရရင်.. ဆီတစ်ပိသာ နဲ့ ဆီတ၈ါလံ ဘယ်ဟာက အလေးချိန်ပိုများတယ် ဆိုတာ အလွယ်မသိနိုင်ဘူး။ သိချင်ရင် တူရာ တူရာ ဖြစ်အောင်ပြောင်းပေးရမယ်။ ပိသာကို ၈ါလံပြောင်းချင်ပြောင်း။ ဂါလံကို ပိသာ ပြောင်းချင်ပြောင်း တခုခု လုပ်ပေးရမယ်။ တူသွားမှာသာ နိုင်းယှဉ်ရတာ ပိုလွယ်လာမယ်။
ခုကိတ်စ မှာလဲ.. နိုင်းယှဉ်လို့လွယ်အောင် တနှစ်စာတွက်ပေးထားတဲ့ ရေးဒီရေးရှင်းပမာဏကို ကိုယ်တို့အနေနဲ့ တနာရီဘယ်လောက်ဖြစ်တယ်ဆိုတာ ပြောင်းကြည့်ရအောင်။ ဥပမာ။
ခုနပြောတဲ့ လူတစ်ယောက်အတွက် အမြင့်ဆုံး လက်ခံနိုင်တဲ့ ရေဒီရေးရှင်းပမာဏဟာ တနှစ်ကို ၅သောင်း မိုက်ကရို ဆီးဗတ်လို့ပြောထားတာတွေရမယ်။ ဒါကို တနာရီဘယ်လောက်လဲဆိုတာ သိရအောင် ကိုယ်တို့ က ၅ သောင်းကို ၃၆၅ နဲ့စားလိုက်မယ် ဒါဆို တရက်စာ ရမယ်၊ တရက်စာကို တခါ ထပ်ပီး ၂၄ နဲ့ စားလိုက်ရင် ၁ နာရီစာ ပမာဏရပီ။ အဲ့ဒီ တနာရီစာပမာဏထက်နည်းနေသေးတယ်ဆိုရင် ယေဘုယျအားဖြင့် အန္တရာယ်မရှီဘူးလို့ ပြောလို့ရတယ်။ တွက်ထားကို အောက်မှာ ကြည့်ကြည့်နိုင်ပါတယ်။
50000/365=137 microSv/day
137/24= 5.7 microSv/hour
ဒီပမာဏနဲ့ စက်ဝိုင်းထဲက ပေးထားတာတွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဖူကူရှီးမား စက်ရုံနဲ့ နီးတဲ့နေရာမှာ ၅.၈၄micorSv/hour ဖြစ်ပီးသတ်မှတ်လယ်ဗယ်ထက်ကျော်နေတာကိုတွေ့ရမယ်။
တိုကျိုဘက်ကို ရောက်လာပီဆိုရင် ရေဒီရေးရှင်းလယ်ဗယ်ဟာ 0.1micro/hour အောက်မှာပဲရှိနေတာကိုတွေ့ရမယ်။ (တရက်နဲ့တရက်ကတော့ လယ်ဗယ်ပြောင်းအလဲရှိနိင်တယ်။ ခုပြောတာကတော့ April 9 ရက်နေ့ ဇယားကိုကြည့်ပြောတာဖြစ်တယ်။) ဘယ်လိုပဲဖြစ်ဖြစ် တိုကျိုမှာတွေ့တဲ့ပမာဏဟာ ရက်အားလုံးနီးပါးတွက် 1 microSv/hour ကို ကျော်တာကို မတွေ့ရဘူး။ ဒါဟာ သတ်မှတ်စိတ်ချရတဲ့လယ်ဗယ် 5.7microSv/hour ထက် အလွန်နည်းနေသေးတာကို တွေ့ရမယ်။ ဒါကြောင့် ကိုယ်တို့ခုပြောနိုင်တာကတော့ ရေဒီရေးရှင်းလယ်ဗယ်ဟာ စိုးရိမ်စရာမလိုသေးဘူးလို့ကောက်ချက်ချနိုင်တယ်။ စက်ရုံပေါက်ကွဲမှုဖြစ်လို့ နောက်ပိုင်းမှာ ရေဒီရေးရှင်းတက်လာရင်တော့ အန္တရာယ်ရှိလာနိုင်တာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်..ခုပြောထားတဲ့ လင့် ဟာ နေ့စဉ် update လုပ်နေတာဖြစ်တဲ့အတွက်.. နေ့စဉ် အဲ့ဒီလင့်မှာ ရေဒီရေးရှင်းလယ်ဗယ်ကို ကြည့်ခြင်းအားဖြင့် ကိုယ်နေနေတဲ့နေရာဟာ စိတ်ချရလား ၊ မချရလား သိနိုင်ပါတယ်။ ကြည့်ရင် ကိုယ်ခုနပြောသလိုပဲ.. ကိုယ်နေတဲ့နေရာဟာ ဘယ်စက်ဝိုင်းထဲမှာ ရှိလဲ ကြည့်လိုက်ပါ။ အဲ့ဒီစက်ဝိုင်းထဲမှာ အတိုင်းအတာ ဘယ်လောက်လဲ ကြည့်လိုက်ပါ။ အတိုင်းအတာ ဟာ ၅.၇ အောက်မှာ ရှိနေသရွှေ အန္တရာယ်ကင်းတယ်လို့ ယေဘုယျအားဖြင့်ပြောနိုင်ပါတယ်။ ခုရှင်းပြတာကို နားမလည်သေးတဲ့အပိုင်းရှိရင် မန့်ခဲလို့ရပါတယ်။ ပြန်လည် ဖြေကြားပေးပါ့မယ့်ဗျာ။
ကဲတော်သေးပီ။
ကိုဆန်းမော်
ဒီလိုတွက်ချက်ပေးထားလိုက်တော. ယေဘူယျ standard တစ်ခုအနေနဲ.နေ.စဉ် radiation level ကိုကြည်.ပီး နှိုင်းယှဉ်ကြည်.ဖို.လွယ်ကူသွားတာပေါ.။ အများသိလွယ်အောင်ရေးပေးထားတဲ.အတွက် ကောင်းပါတယ်။
ReplyDeleteဟဲ ကွန်မန်.လာရေးလို.မအံ.သြနဲ.။
ကျော်ခွပီးလာရေးရတာ။ ဟဲဟဲ
ဆရာ..
ReplyDeleteအခု risk level 7 ကို တိုးလိုက်ပီ..
အိမ်ပြန်ချင်တယ်..
ဘယ်အချိန်ထိဖြစ်နေမယ်ဆိုတာ မသိတော့
ပြန်လို့လည်း မရ.. အတန်းတွေကလည်း ပြန်စနေပီလေ..
မပြန်ရင် ချက်ချင်းတော့မသေပါဘူးနော်.. နောက်ပိုင်းတော့ ဘာဖြစ်မယ်မှန်းမသိပါဘူး.. ငလျင်ကလည်း တလှုပ်လှုပ်.. .. အဆင့်မြင့်မြင့်မှာနေတော့ စိုးရိမ်တယ်ဗျို့  အထပ် ၈ ထပ်မှာလေ..း)
ကျောင်းက ဆရာပြောတာကတော့ စိုးရမ်မနေနဲ့တဲ့ . ပြေးလို့မှမရတာတဲ့ .. 死ぬ人が死ぬよ。。တဲ့.. သေတဲ့လူကသေပီ.. ကိုယ်ကျန်နေတာကိုက နေလို့ရသေးတဲ့သဘောတဲ့.. မသေခင် လုပ်စရာရှိတာ ပီးအောင်လုပ်တဲ့.. ပျော်အောင်နေတဲ့..း)
သူပျော်တာလည်း ဟုတ်သလိုလိုပဲ.. သေမှာတော့ကြောက်တာပေါ့.. ရောဂါဖြစ်ရင်လည်း ကုမည့်သူကို အားနာတယ်..
ကိုဆန်းမော်ရှင့်
ReplyDeleteမင်္ဂလာပါ။
ဆရာလို့သူများခေါ်တော့ ဆရာပဲဖြစ်ရမယ်။
တကယ်လည်း ပို့စ်ကလည်း စာသင်တာနားထောင်ရသလို နားလည်လွယ်ပါတယ်။ နားလည်လွယ်အောင်ရေးပေးထားလို့ ကျေးဇူးတင်ကြောင်း နဲ့ သင်္ကြန်အကြို နှုတ်ဆက်ကော်မန့်ပါ။
ရေမလောင်းတော့ဘူး ရေသန့်နဲ့လား ဘုံဘိုင်ရေနဲ့ရလား ရေးမထားလို့။ ^-^
ကိုဆန်းမော်ရေ
ReplyDeleteလင့်ခ်လေးပါဖော်ပြပေးတာအရမ်းအထောက်ကူဖြစ်တာပဲ
အဆင့်ရ ဖြစ်သွားတော့ နည်းနည်းတော့စိတ်ပူတယ်
:))
Raising the severity to level 7 is just simply a nuke policy matter. It doesn't mean the situation gets worse but to reflect the total amount of radiations released since the incident broke out. In addition, it's to avoid unnecessary criticisms and to make things easier in making evacuation and protection as required according to IAEA's suggestion.
ReplyDeleteKo San Maw is good at making things easy to understand.
Since he didn't say his opinion on whether people in JP should remain or not, I would take this opportunity to say my opinion.
You DON'T NEED TO WORRY about RADIATION but about POSSIBLE ECONOMIC RECESSION as consequences of disasters.
On the other hand, if you wish, this is the good time for you to visit home briefly during golden week taking advantage on the current crisis, isn't?
ဆရာကိုဆန်းမော်
ReplyDeleteမင်္ဂလာပါ။
အသစ် ရေးပါဦး
အဆင်ပြေပါစေ