Scale of Nuclear Accidents
ခုမှ သတိရလို့ ဒီပို့စ်ကို တင်လိုက်တယ်။ ပြောချင်တာက. ဂျပန်ရဲ့ ညူကလီယား အန္တရာယ်ကို အဆင့် (၄) လို့ သတ်မှတ်ထားတယ်ဆိုတာ အရင်ပို့စ်တွေမှာ ပြောခဲ့တယ်။ ဒါပေမယ့် ဘယ်အဆင့်မှာ ဘယ်လောက် စိုးရိမ်ရတယ်။ ဘယ်တုန်းက ဘယ်နိုင်ငံမှာ ဘယ်အဆင့်ထိဖြစ်ပျက်ခဲ့တယ်ဆိုတာ မပြောရသေးတော့ စာဖတ်သူတွေ နိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။
source ကတော့ BBC and UN Nuclear Agency, IAEA နဲ့ ဒီ နေရာတို့ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်တာကို IAEA က သတ်မှတ်တယ်လို့သိရတယ်။ ခုပြောတဲ့အဆင့်သတ်မှတ်ချက်မှာ
ဓါတ်ရောင်ခြည်ကျရောက်မှုကိုတိုင်းတဲ့ယူနစ် ကိုတွေ့လိမ့်မယ်။ အဲ့ဒါကို မီလီဆားဗတ်=mSv ဒါမှ မဟုတ် မိုက်ကရိုဆားဗတ်=uSv စတာတွေနဲ့ဖေါ်ပြလေ့ရှိတယ်။ ဒီနေရာမှာ မီလီ နဲ့ မိုက်ကရိုဟာ အဆ တစ်ထောင် ကွာတယ်ဆိုတာ သတိထားရမယ်။ ဘာလို့လဲဆို သတင်းတွေမှာ ပြောရင် မိုက်ကရိုလား မီလီလားပေါ်မူတည်ပီး အတော်ပြင်းအားကွာသွားတာ တွေ့ရမယ်။ အဲ့ဒါကို သတိမထားမိရင် မလိုပဲကြောက်လန့်တာမျိုး။ မျက်ကန်းတစေ မကြောက်တာမျိုးဖြစ်လာနိုင်တယ်။ မီလီဆားဗတ် ဟာ မိုက်ကရိုဆားဗတ်ထက် အဆ ၁၀၀၀ ပိုများပါတယ်။
တနည်း 1mSv = 1000uSv ဖြစ်တယ်။ ဒီ mSv or uSv ကို ဒီအတိုင်းသုံးရင် တခါစာ ကိုဆိုလိုတာဖြစ်တယ်။ နောက်တချက်က 1Sv=1000မီလီSv=1mSv ဖြစ်ပါတယ်။ အဲ့ဒါလေးတွေကို သတိထားပီးခွဲခြားနားထောင်ဖို့လိုပါတယ်။ ဒါမှသာ မလိုအပ်ပဲ သွေးပျက်ခြင်း၊ အရဲကိုးခြင်းများကို ရှောင်ရှားနိုင်မှာပါ။

ဥပမာ အနေနဲ့ ဝီကပီးဒီးယားမှာရေးထားတာက ငှက်ပျောသီးတလုံးစားရင် 0.0001mSv ရနိုင်တယ်လို့ရေးထားတယ်။
တကယ်လို့ 400mSv/hr ဆိုရင် လူပေါ်ကိုကျရောက်နေတဲ့ ဓါတ်ရောင်ခြည်ပမာဏ ဟာ တနာရီကြာတိုင်း ၄၀၀မီလီဆားဗတ် သက်ရောက်စေတယ်လို့ပြောတယ်။ ခုဖူကူရှီးမားစက်ရုံမှာ တခါတရံဓါတ်ရောင်ခြည်ထွက်တာကို ဒီလိုအသုံးမျိုးနဲ့ သုံးတာတွေ့တယ်။ ဥပမာ အနေနဲ့ 200mSv/hr စက်ရုံဂိတ်ဝမှာသက်ရောက်တာတွေ့တယ်ဆိုရင် တနာရီကြာအဲ့ဒီစက်ရုံဂိတ်ဝမှာ ဘာအကာအကွယ်မှ မပါပဲ နေတဲ့သူဟာ ၂၀၀ မီလီဆားဗတ် ကိုယ်ပေါ်ကိုသက်ရောက်ခံလိုက်ရတယ်လို့ပြောလို့ရတယ်။
1mSv/yr ဆိုရင် တနှစ်လုံးနေမှ. လူပေါ်ကျရောက်တဲ့ ရောင်ခြည်ပြင်းအားဟာ 1mSv ရှိတယ်လို့ပြောတယ်။
အဆင့်(၁)- ဓါတ်ရောင်ခြည်ကျရောက်မှုဟာသာမာန်လူတယောက်တနှစ်မှာရှိရမယ် ပုံမှန်ပမာဏထက်နည်းနည်းလေးပိုများတယ် (Minor safety problem) လို့ပြောတယ်။ ခုဟာ က ကိုယ့်စိတ်ထင် မြန်မာပြည်အထက်အညာမှာ နေပူထဲထွက်တာများရင်ဖြစ်နိုင်တဲ့ဟာမျိုးလို့ထင်တယ်။ မသေချာဘူး၊ကျွှမ်းကျင်သူများဝင်ရောက်မှတ်ချက် ပေးခဲ့ရင်ပိုကောင်းပါတယ်။
အဆင့်(၂) - ဒါက ဓါတ်ရောင်ခြည်ပမာဏဟာ ၁၀မီလီဆားဗတ် နဲ့အထက်ပိုများလာတာကိုခေါ်တယ်။ တနှစ်ကိုသာမာန်လူတယောက်အတွက် ပုံမှန်ရှိတဲ့ ပျှမ်းမျှဓါတ်ရောင်ခြည်သက်ရောက်မှုပမာဏကို ၁မီလီဆားဗတ် (1mSv) average annual dose လို့သတ်မှတ်တယ်။
ဒီ အဆင့်၁ နဲ့ ၂ မှာ သူတို့သုံးနုန်းတာက အတိအကျဆိုရင်
သာမာန်လူ= a member of public ဆိုပီးသတ်မှတ်တယ်။
ဒါကို ရှင်းအောင် ပြောတာက..နောက်တဆင့်မှာကျတော့ worker=အလုပ်သမားတယောက်ပေါ်ကျ ရောက်တဲ့ဓါတ်ရောင်ခြည်ပမာဏ နဲ့သတ်မှတ်တာဖြစ်လို့ ရောမသွားအောင် ထပ်ရှင်းတာဖြစ်တယ်။
အဆင့်(၃) - ဓါတ်ရောင်ခြည်ဟာ အလုပ်သမား=worker တယောက် တနှစ်လက်ခံရမယ့် ပမာဏ ထက် ၁၀ ကျော်ပိုများတယ်လို့သတ်မှတ်တယ်။
အထက်က အဆင့်(၁) ကနေ (၃) အထိကို incident case လို့ခေါ်ပီး အဆင့် (၄) ကနေ (၇) ထိကိုတော့ Accident case လို့်ခေါ်တယ်။
အဆင့်(၄) - ဒီအဆင့်မှာတော့ ရေဒီယိုသတ္တိကြွပစည်းတွေပါလာပီး။ ညူကလီးယားစက်ရုံလိုမျိုးတွေကနေ ရေဒီယိုသတ္တိကြွပစည်းပမာဏအနည်း ငယ်ယိုစိမ့်ထွက်လာ တာမျိုးကိုခေါ်တယ်။ ဒီအဆင့်မှာ Tokaimura, Japan မှာ ၁၉၉၀ က လူတယောက်သေဘူးတယ်လို့သိရတယ်။ ဘယ်မှာ သေတယ်ဆိုတာတော့မပါဘူး။ စိတ်ထင် ညူကလီးယားစက်ရုံကလူဖြစ်မယ်လို့ ထင်တယ်။ ဒီအဆင့် ကို Accident with local consequences= local ဒေသကိုသာ ထိခိုက်စေနိုင်တဲ့ ဟာမျိုးလို့သတ်မှတ်တယ်။
အဆင့်(၅) - ဒါလဲ ရေဒီယိုသတ္တိကြွပစည်းတွေ အကန့်အသတ်နဲ့ထုတ်လွှတ် မှုလို့ခေါ်တယ်။ ၁၉၅၇ မှာ အမေရိကား three mile island မှာ ဖြစ်ခဲ့တဲ့ အရေးအခင်းမျိုးကိုခေါ်တယ်။ ဒီအဆင့် ကိုတော့ Accident with wider consequences = ပိုကျယ်ကျယ်ပြန့်ပြန့်ထိခိုက်တယ်လို့ပဲ ပြောရမယ်ထင်တယ်။ အဲ့ဒီ ၃မိုင်ကျွှန်းကို ခုချိန်ထိ ကန့်သတ်နယ်မြေလုပ်ထား တယ်လို့သိရတယ်။အဲ့ဒီအကြောင်းကို နောက်ထပ် သပ်သပ်ရေးမယ် စိတ်ကူးထားတယ်။
အဆင့်(၆) - ဒါကတော့ ရေဒီယိုသတ္တိကြွပစည်းတွေ..အတော်များများပေါက်ကွဲမှုကြောင့်လွှင့်စင်ထွက်လာတာကိုပြောတာဖြစ်တယ်။ ၁၉၅၇ မှာ Kyshtym, Russia မှာ ဖြစ်ခဲ့တဲ့ဟာ လို့ပြောတယ်။အဲ့တုန်းကစတီးကန်နဲ့သိုလှောင်ထားတဲ့တန် ၈၀ လောက်ရှိတဲ့ radioactive waste တွေကို အအေးပေးတဲ့စနစ်ပျက်သွားတဲ့အတွက် အပူလွန်ပီး စတီးလှောင်ကန်ဟာ ပေါက်ကွဲထွက်သွားတယ်။ ၁၀ နာရီအတွင်း ကီလိုမီတာ ၃၅၀ လောက်ကို ရေဒီယိုသတ္တိကြွဓါတ်တွေ ပျံနှံကုန်တယ်လို့သိ၇တယ်။
ဒါကို Serious Accident လို့ပြောတယ်။ ဘာသာ ပြန်ရင်တော့ ပြင်းပြင်းထန်ထန်ထိခိုက်တယ်လို့ပဲ ပြန်ရမယ်။ ဘာကို ဆိုလိုချင်တယ် ဆိုတာတော့ တိတိကျကျမသိဘူး။
ဒီအဆင့်မှာ အောက်ပါထိခိုက်မှုတွေရှိခဲ့တယ်။
၁။ အဲ့တုန်းက ဆိုဗီယက်အစိုးရဟာ ပါတ်ဝန်းကျင်လူထုကို အချိန်မှီအသိမပေးခဲ့ဘူး။ တပါတ်လောက်နောက်ကျပီးမှ..အသိပေးတယ်။ကယ်ဆယ်ရေးတွေလုပ်တယ်။ ဒါ့ကြောင့်လူထုဟာ ရေဒီရေးရှင်း ရဲ့ဒါဏ်တွေကို ပြင်းပြင်းထန်ထန်ခံခဲ့ရတယ်။
၂။ အနည်းဆုံးလူ ၂၀၀နဲ့ အထက်ဟာ ကင်ဆာရောဂါ နဲ့ နောက်ပိုင်းမှာ သေသွားတယ်။
၃။ အဲ့လိုဖြစ်ခဲ့တဲ့ နေရာကို EURT (East Ural Radioactive Trace) site လို့ခေါ်တယ်။ ခုချိန်ထိ လူတွေကို ဖြတ်သွားခွင့်မပြုသေးဘူး။
အဆင့်(၇) - ဒါကတော့ နောက်ဆုံးအဆင့်၊ အပြင်းဆုံးဖြစ်တယ်။ Major Accident လို့ခေါ်တယ်။ ဒါလဲ ဆိုဗီယက် မှာဖြစ်တာပဲ။ Chernobyl, Russia 1986 ချာနိုဘိုင်း ညူကလီးယားစက်ရုံပေါက်ကွဲမှု လိုဟာမျိုးကိုပြောတာ၊ ကိုယ့်စိတ်ထင် အသက် ၃၀ နဲ့ အထက်လူတွေ ဆိုရင်တော့ အသေအချာ မှတ်မိမယ်ထင်တယ်။ အဲ့ဒီတုန်းက..မြန်မာပြည်မှာ အက်ဆစ်မိုးရွှာမယ် ဘာညာဆိုပီးတော့ အကုန်လန့်နေကြသေးတယ်။ နောက်တော့လဲမြန်မာပြည်မှာတော့မရွာဘူး။အိုင်ယာလန်မှာ သွားရွာတယ်လို့ကြားတယ်။ ချာနိုဘိုင်းကြောင့် အောက်ပါအကျိုးဆက်တွေဖြစ်ခဲ့တယ်လို့သိရတယ်။
၁။ အိုင်ယာလန်မှာ ညူကလီးယားမိုးရွာတယ်
၂။ယူကရိန်း၊ ဘိုင်လာရုစ်၊ ရုရှ ရဲ့ဧရိယာတော်တော်များများဟာညူကလီးစွန့်ပစ်ပစည်းတွေကြောင့် ပါတ်ဝန်းကျင်ထိခိုက်ကုန်တယ်။
၃။ အဓိကဖြစ်တဲ့နေရာနဲ့ ၄ ကီလိုမီတာအတွင်းက အပင်တွေ အကုန်သေကုန်တယ်။ အဲ့ဒီဒေသကို ခု အနီရောင်တောအုပ် လို့ခေါ်တယ်။
၎။သတ္တဝါတွေဟာ အတော်များများသေကုန်တယ်။ မသေပဲကျန်တာတွေလဲ သိုင်းရွိုက် နဲ့ မျိုးပွားအင်ဂါတွေမှာ ထိခိုက်ကုန်တယ်။ ဒါပေမယ့်နောက်မျိုးဆက်တွေမှာတော့ မသက်ရောက်ဘူးလို့သိရတယ်။
၅။လူပေါင်း ၃ သိန်းကျော်ကို အပြီးတိုင်နေရာရွှေ ခိုင်းလိုက်ရတယ်။ အဲ့လိုမရွှေနိုင်ခင်မှာ တချို့လူတွေသေကုန်တယ်။ တချို့နောက်ပိုင်းမှာ ကင်ဆာရောဂါတွေရတယ်။ နောက်ညူစက်ရုံဝန်ထမ်းတော်တော်များများနဲ့ စက်ရုံမီးလောင်တာကို ငြိမ်းသတ်ရတဲ့ မီးသတ်သမားတွေ အတော်များများရက်ပိုင်းအတွင်း ရေဒီရေးရှင်းသင့်လို့ သေကုန်တယ်။ ဘာလို့ဒီလောက်သေတာ များကုန်လဲဆိုရင် အဲ့ဒီတုန်းက ဆိုဗီယက်အစိုးရဟာ ပွင့်လင်းမှုမရှိဘူး။ ဝန်ထမ်းတွေ.။မီးသတ်သမားတွေဟာ ရေဒီရေးရှင်းအန္တရာယ်ရှိတယ်ဆိုတာ သတိပေးခံရခြင်းမရှိပဲ၊ အကာအကွယ်မပါပဲ ငြိမ်းသတ်ခဲ့ရတယ်ဆိုတာ နောက်ပိုင်းမှာ စစ်ဆေးချက်တွေမှာ တွေ့ရှိရတယ်။
ဒီ အကြောင်းကိုလဲ သတ်သတ်ရေးမယ် စိတ်ကူးထားတယ်။
အထက်က ပြောခဲ့တဲ့ အဆင့်သတ်မှတ်ချက်တွေမှာ..တိတိကျကျ..ဘယ်အဆင့်ဟာဖြင့် ဘယ်နှစ်မိုင် ပါတ်လည်အတွင်း ထိခိုက်မယ်။ ဘာတွေဖြစ်ကုန်မယ် ဆိုတာအတိအကျပြောမထားတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ်..အမေရိကား ၃မိုင်ကျွှန်းအရေးအခင်း (အဆင့် ၅) နဲ့ ရုရှ ချာနိုဘိုင်း အရေးအခင်း (အဆင့် ၇) အကြောင်း ဖတ်ပီးသွားရင်တော့ တခြားအဆင့် တွေကို လဲ ခန့်မှန်းလို့ ရသွားမယ်လို့ ယူဆရတာပဲ။ အနည်းဆုံး အဆင့် (၄) (မှတ်ချက်။ ။ ခုလောလောဆယ် ဂျပန်မှာ သတ်မှတ်ထားတဲ့ အဆင့် ကိုပြောတာ) နဲ့ အဆင့် (၆) ကိုတော့ ခန့်မှန်း လို့ရသွားမယ်ထင်တယ်။ ဒါဆိုရင်..ကိုယ့်အနေနဲ့ ဘယ်လောက်ထိပြင်ဆင်ထားသင့်တယ် ဆိုတာသိရတာပေါ့။
ကဲညနက်သွားပီ။တော်သေးပီ။

စာလာဖတ်သူအပေါင်းကျန်းမာပါစေ။
ကိုဆန်းမော် sannmaw.com
ကိုဆန်းမော် sannmaw.com
ကိုဆန်းမော်ရေ
ReplyDeleteမအားတဲ့ကြားကျေးဇူးပါ
သေချာဖတ်ရှုကိုးကားရှင်းလင်းရေးပေးတာမို့